အခန်း (၄)
၁၂ စက်တင်ဘာလ ၂၀၀၈
သောကြာနေ့
ကျနော့်ဘက်က အပြင်မှာ မိုးကလေးဖွဲဖွဲ ကျနေတယ်။
ပြုံးဘက်မှာတော့ လေမုန်းတိုင်း ၀င်နေတဲ့အတွက် သရဲခြောက်သလို တ၀ှီဝှီမြည်နေတယ်တဲ့။
မနက်ဖြန် အလုပ်သွားစရာမလိုတဲ့အတွက် အပျော်လွန်နေတဲ့ ပြုံး ခုန်ပေါက် ကခုန်နေတယ်။
ဒါနဲ့ ပြုံးနဲ့ကျနော် ဒီနေ့ နာရီပေါင်းများစွာ စကားပြောဖြစ်ခဲ့ကြတယ်။
ပြုံးဘက်က ထိုင်ဝမ်စံတော်ချိန် မနက် ၄ နာရီ ခွဲ သွားတယ်။အကိုသွားအိပ်တော့မယ်တဲ့ ငိုမနေနဲ့နော် ဆြိုပီး ကျနော့်ကို နောက်ပြီး သွားအိပ်သော်လည်း ကျနော်သူ့ကို သနားလို့ သွားအိပ်တော့လို့ပြောပေမဲ့ ကျနော် ပြုံးနဲ့ နောက်ထပ် အကြာကြီးဆက် စကားပြောချင်နေသေးတယ်။
ဘာရယ်လို့မသိတဲ့ ကျနော့်ရင်ထဲမှာ ဟာတာတာကြီး ကျန်ခဲ့တယ်။
ကျနော်တို့ ပြောခဲ့တဲ့ အကြောင်းတွေက
ဒေါသအလွန် ကြီးလွန်းတဲ့ ပြုံးရဲ့ အဖေ အကြောင်းရယ်
တရုပ်လူမျိုးတွေ ယဉ်ကျေးမှုတော်လှမ်ရေးကြောင့် ဗမာပြည်ထဲထွက်ပြေးလာရတဲ့အကြောင်းရယ်၊
တရုပ်ပြည်က (ဂရိတ်ဝေါလ်) မဟာရံ တံတိုင်းကြီးကို တည်ဆောက်ခဲ့တဲ့ ဘုရင် ကွင်ရှိဝှမ်ရဲ့ အကြောင်းရယ်၊
နောက် အလွန်ရက်စက်လွန်းတဲ့ တဦးတည်းသော တရုပ်ဘုရင်မတစ်ပါးအကြောင်းရယ်
အကြောင်းအရာတွေက အများကြီးပဲ။
ပြုံးပြောပြနေတုန်း ကျနော် စိတ်ဝင်တစား နာထောင်ခဲ့တယ်
ကျနော် ပြုံးတို့မိသားစု ဆွေမျိုးတွေရဲ့ အကြောင်းတွေကို ပိုနားလည်နာလည်လာရတယ်။
Keine Kommentare:
Kommentar veröffentlichen