Donnerstag, 11. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၃

အခန်း (၃)

ကျနော် အခန်း(၁) မှာ ပြောခဲ့တဲ့ အတိုင်း အတိတ်ဘ၀ အကြောင်း စိတ်ဝင်စားတာနဲ့ စာအုပ်တွေလျှောက်ဖတ် လေ့လာရင်း ဒေါက်တာ မင်းတင်မွန်ရေးတဲ့ ရှေးဘ၀ နောက်ဘ၀ သိပ္ပံနည်းကျ အထောက်ထားများ စာအုပ်ကို ဖတ်မိတော့ စာမျက်နှာ ၁၃၀ မှာ ဖော်ပြ ထားတဲ့ အဖြစ်အပျက်ကလေးက တော်တော် တိုက်ဆိုင်နေတာနဲ့ ကျနော် ဒီနေရမှာ အကျဉ်းချုပ်ဖေါ်ပြချင်ပါတယ်။

အတိတ်ဘ၀ က အတူနေဖူးတဲ့ ဖူးစာရှင်တွေ ဒီဘ၀မှာ ပြန်ဆုံတော့ မြင်မြင်ချင်း စိတ်လှုပ်ရှား ခဲ့ရတဲ့ အမေရိက က အဖြစ်အပျက်ကလေးတစ်ခု….


အခုဘဝ

ကယ်လီဖိုးနီးယားပြည်နယ် ဗင်းနစ်မြို့မှ စာရေးဆရာဖီးလစ် သည် ခရီးသွားရင်း အယ်နီ ဆိုသည့် မိန်းကလေးတစ်ဦးနှင့် ဆုံစည်းမိ၏။ ဖီးလစ်သည် မြင်မြင်ချင်း အန်နီအပေါ် မေတ္တာ သက်ဝင်မိပြီး အန်နီရဲ့ မေတ္တာကိုလည်း ငံ့မျှော်မိ၏။ သူ့ကိုယ်သူလည်း သူစိမ်းမိန်းကလေး တစ်ယောက်ကို ဒီလောက် ဣနြေ္ဒ မထိန်းနိုင်လောက်အောင် စိတ်ယိမ်းညွတ်ရမလား ဆိုပြီး အပြစ်တင်နေမိတယ်။ ဒါပေမဲ့ အန်နီကလည်း စိတ်ဝင်စားနေကြောင်း အရိပ်အယောင်ပြတယ်လို့ သူနားလည်လိုက်တယ်။ ဒါနဲ့ အိမ်ရောက်တော့ အန်နီကိုဖုန်းဆက်လိုက်တယ်။ နောက်ပိုင်း စကားပြောရင်း သူတို့နှစ်ယောက် ရင်းနှီးချစ်ခင်သွားကြတယ်။


အတိတ်ဘ၀ဖြစ်စဉ်

အဲဒီထူးဆန်းတဲ့ အဖြစ်အပျက်တွေကြောင့် ဖီးလစ်က အန်နီရဲ့ ရုပ်ပုံလွှာကို စိတ်အာရုံထဲ စူးစူးစိုက်စိုက်ကြည့်လိုက်တော့ အာရုံထဲမှာ တရိပ်ရိပ် ထူးဆန်းတဲ့ ပုံတွေ တခုပြီးတခုပေါ်လာတယ်။

``ပထမလယ်ကွင်းစိမ်းစိမ်းရယ်...ခြံစည်းရိုးရယ်....သိုးတွေရယ် ကျွန်တော် မြင်လာတယ်။ ပြီးတော့ ဂါဝန်ရှည်ရှည်နဲ့ မိန်းမလှလေး ပြုံးပြုံးကြည်ကြည်နဲ့ ကျွန်တော့်ကိုကိဆိုနေတယ်။ အနီးကပ်ုကည့်လိုက်တော့ အန်နီနဲ့ တထေရာတည်းပဲ။ သူ့ နာမည်က မာသာဝီလျံတဲ့။ အဲဒီတုန်းက ကျနော်က အတွင်းဝန်ကလေး ဝေါလ်တာမောရစ် ဖြစ်ခဲ့တယ်။ မာသာဝီလျံကို ကျနော့် ကိုပိုင်ကားနဲ့ တင်ပြီး ကိုလိုရာဒိုမြို.ထဲကို လျှောက်လည်ကြတယ်။ သိပ်ပျော်စရာ ကောင်းတဲ့ အချိန်ပေါ့။

နောက် တစ်ခန်းမြင်ကွင်းကတော့ မာသာဝီလျံနဲ့ ကျနော်ဟာ သာသနာပြု အဖွဲ့တဖွဲ့နဲ့အတူ တရုပ်ပြည်ဘက်ကိုလိုက်သွားကြတဲ့ အေုကာင်းပါပဲ။ မျက်နှာဖြူတွေ အများကြီး အသတ်ခံလိုက်ရတယ်။ ကျနော်တို့လည်း အမေရိကန်ပြည်ကို အမြန်ဆုံးပြန်ဖို့ စီစဉ်ုကတယ်။

ဒါပေမဲ့ လမ်းခရီးမှာ ကျနော်တို့ရဲ့ သင်္ဘောကို ဂျပန်ကင်းလှည့်သင်္ဘောက မီလာတယ်။ ဂျပန်တွေက ကျနော်တို့ ယောက်ျားတွေကို ကြိုးနဲ့တုတ်နှောင်ထားပြီး တွဲချည်ထားတယ်။ မိန်းမတွေကို မတရားဆော်ကားပြီး သတ်ပစ်ကြတဲ့အထဲမှာ မာသာဝီလျံလဲ ပါသွားတယ်။

ညဘက်ကျတော့ ကျနော်တို့ထဲက တစ်ယောက်က လွတ်မြောက်သွားလို့ ကျန်တဲ့လူတွေအားလုံးကို ကြိုးဖြေပေးလိုက်တယ်။ ဂျပန်တွေသိသွားတဲ့အတွက် သင်္ဘောပေါ်မှာ ပြေးရင်းလွှားရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။ မာသာဝီလျံကို သတ်တဲ့ ဂျပန်ကို ကျနော် လှလှကြီးပြန်လက်စားချေလိုက်တယ်။ အဲဒီနောက် ကုန်းပတ်ပေါ်မှာရှိတဲ့ စက်သေနတ်ကို ကျနော်စီးမိပြီး တရကြမ်းဝှေ့ယမ်းပစ်လိုက်တာ ဂျပန်တွေ အတုန်းအရုံးကျကုန်တယ်။

…. မကြာပါဘူး ကျနော့် လက်မောင်းတစ်ဖက်ဟာ ကျည်ဆန်ထိမှန်သွားလို့ ပူခနဲဖြစ်သွားပါတယ်။

သင်္ဘောကြီးလဲ မီးစွဲလောင်ပြီး ပေါက်ကွဲသွားတယ်။ ကျနော်ဟာ ရေထဲလွင့်စဉ်သွားပြီး ရေမျောနေတဲ့ သေတ္တာတစ်လုံးကို တွယ်ဖက်မိတယ်။ တစ်ညလုံးမျောနေတယ် မနက်မိုးလင်းတော့မှ ရုတ်တရက် သင်္ဘောတစ်စင်းကကယ်တင်ပေးလိုက်တယ်။

…….ကျနော်ဟာ အမေရိကန်ကို မပြန်ဖြစ်တော့ဘဲ သြစတြေးလျကိုသွားတဲ့ သင်္ဘောတစ်စင်းနဲ့ လိုက်သွားတယ်။ အဲဒီကနေ အင်္ဂလန်ကိုသွားတယ်။ နောက်တော့မှ အမေရိကန်ပြန်ဖြစ်တယ်။ ပြန်ရောက်ပြီး မကြာခင်မှာ ကျနော်ဆုံးသွားပါတယ်။

…………….

အဲဒီလို အတိတ်ဇတ်လမ်းကို ရုပ်ရှင်တကားလိုမြင်ရတော့ စာရေးဆရာဖီးလစ်ဟာ တော်တော် အံ့သြတုန်လှုပ်သွားတယ်။ဒါဟာ စိတ်ကူးယဉ်တာမဟုတ်ပဲ အာရုံထဲမှာပေါ်လာတဲ့ တကယ့် အဖြစ်အပျက်ပုံစံမျိုး..အဲဒါကြောင့် ဒီဇာတ်လမ်း အဖြစ်အပျက်ကို လက်တွေ့ စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်…..

ပထမဆုံး ကိုလိုရာဒိုမြို့သို့သွားပြီး ဝေါလ်တာမောရစ် ဆိုတာရှိခဲ့သလားလို့ မိသားစုဝင်တွေကို မေးကြည့်တော့ ဟုတ်တယ် လွန်ခဲ့တဲ့ ၁၉၃၀ ခုနှစ်ဝန်းကျင်က သူရှိခဲ့တယ်၊ နောက် တရုတ်ပြည်ကို သာသနာပြုအဖွဲ့နဲ့ သွားခဲ့တဲ့ အကြောင်းကအစ နောက် အမေရိကန်ပြန်ရောက်ပြီးဆုံးသွားတဲ့ အကြောင်းတွေ ကြားရတော့ ဖိလစ်ဟာ သူ့နားကိုသူ မယုံနိုင်အောင် အံ့သြပြီး ကြက်သီးတဖြန်းဖြန်းထမိတယ်။

နောက် အတိတ်ဘ၀က ဝေါလ်တာမောရစ်ရဲ့ သမီးမစ္စက်ကောင်လီနဲ့တွေ့တဲ့အခါကြတော့လည်း မစ်စတာ ဖိလစ် အာရုံထဲမှာ မြင်ခဲ့သမျှတွေ အားလုံးမှန်ကန်ကြောင်း ဓာတ်ပုံတွေထုတ် စာတွေထုတ်ပြပြီး ရှင်းပြလိုက်တယ်

ဒါဟာ ၂၀ ရာစုနှစ်ရဲ့ ရှေ့ဘ၀ နောက်ဘ၀နဲ့ ပတ်သက်တဲ့ သာဓကလေးပါ…..

အဓိက ကျနော်ပြောပြချင်တာက

ဒီလို ကျနော်တို့ကိုယ်တိုင် မမြင်နိုင်တဲ့ အတိတ်ဇာတ်လမ်းတွေ

ပြုံးနဲ့ ကျနော်တို့ အတူနေခဲ့ရတဲ့ ဘ၀တွေ မရှိပဲ

ဘယ်နည်းနဲ့မှ လာဆုံစရာ အကြောင်းမရှိဘူး ဆိုတာပါပဲ။

ခက်တာက ကျနော် ကိုယ်တိုင်လည်း ဘာမှ အတိတ်အကြောင်း မသိတော့

ပြုံးကိုယ်တိုင်လည်း ဘာမှ မသိတော့ပါ။

အခုဘ၀ ငယ်စဉ်တုန်းက အဖြစ်အပျက်တွေအားလုံး ပြန်သတိမရနိုင်တော့ရင် အတိတ်ကို ပြန်မြင်ဖို့ဆိုတာ အဝေးကြီးပါ…….

ပြုံးမကြာခဏပြောလေ့ရှိတဲ့ စကားလေးတခုရှိသေးတယ်…..

ဆားမရှိရင် စကားမပြောချင်ဘူးတဲ့…….

တရုတ်လို (ယွမ်ဖင့်) ကံကြမ္မာ ရေစက်တဲ့ ..နောက်ပြီးတော့

တရုတ်လို (ယွမ်) ဆား တဲ့

ဒါကြောင့် တရုတ်လို အနီးစပ်ဆုံးဖြစ်တဲ့ ကံကြမ္မာ ရေစက် ကို ဆားလို့ပြောလိုက်တာတဲ့……

သူမကြာခဏ အွန်လိုင်းပေါ်မှာလူတွေတွေ့တယ် ဒါပေမယ့် ဆားမရှိတော့ တော်တော်များများကို စကားမပြောချင်ဘူးလို့ ပြုံးခဏခဏ ပြောပြလေ့ရှိတယ်။

သူဆိုလိုတာက ဘာကံ အဆက်အစပ်မှ မရှိရင် စကားကို မပြောချင်ဘူးတဲ့

သူပြောတာကို စိတ်ဝင်စားလို့ ကျနော် သတိထားကြည့်လိုက်တော့ အများကြီးဖြစ်နိုင်တယ်ဆိုတာတွေ့ရတယ်

ဒါကြောင့် ကျနော်က ပြုံးကို နောက်ပြီးပြောတယ် အကိုနဲ့ ညီမလေး ကတော့ ဆားတင်မကဘူး ငါးပိရည်ပါရှိလို့ ဒီလောက် အကြာကြီးပြောနိုင်တာလို့ ပြောတော့

အဲဒါဆိုရင် ပြုံးက တို့စရာပါ ထည့်လိုက်ပေါ့တဲ့………..

……………………………………………………………..


Keine Kommentare: