Donnerstag, 9. Oktober 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၁၁

ညီမရေ အကို ဆက်ပြီးတော့ ပညတ်တော် (၁၀)ပါး အေုကာင်းဆက်ပြောပြမယ်နော်
နံပါတ်(၁)က
၁။ ငါသည် သင်တို့ကို အီဂျစ်ပြည်၊ အိမ်ရဲ့ကျေးကျွန်အဖြစ်ကနေ ကယ်ထုတ်ခဲ့တဲ့အရှင် ဘုရာသခင်တဲ့။ငါရှေ့ မှောက်မှာ ဘယ်ဘုရားမှ မရှိစေရ (မကိုးကွယ်ရပေါ့) ကောင်းကင်အထက်မှာ၊ မြေကြီးအောက်မှာ၊ ရေပြင်အောက်မှာရှိတဲ့ ဘယ်လိုပုံစံမျိုးမှ ရုပ်တုမလုပ်ရ။သူတို့ကို ဦးမတိုက် ရှိမခိုးရ။ ငါဘုရားသခင်သည် မနာလိုဝန်တိုသော ဘုရားသခင်ဖြစ်သည်။ငါ့ကို ဆန့် ကျင်သော ယုတ်မာသော မိဘများ၏ သားစဉ် မျိုးဆက် သုံးဆက် လေးဆက်တို့ ကို အပြစ်ပေးမည်။ ငါ့ကိုချစ်သူ ငါ့ဟောပြောချက်များကိုလိုက်နာသူများကို မျိုးဆက် ထောင်ချီ၍ ခိုင်မာသော ချစ်မြတ်နိုးမှုကိုပြမည်။
(1) "I am the Lord your God, who brought you out of the land of Egypt, out of the house of slavery; you shall have no other gods before me. You shall not make for yourself an idol, whether in the form of anything that is in heaven above, or that is on the earth beneath, or that is in the water under the earth. You shall not bow down to them or worship them; for I the LORD your God am a jealous God, punishing children for the iniquity of parents, to the third and fourth generation of those who reject me, but showing steadfast love to the thousandth generation of those who love me and keep my commandments."

၂။ ဘုရားသခင်ရဲ့နာမည်ကို အလွဲသုံးစား မလုပ်ရ။ ထိုကဲ့ပြုလုပ်သူကို အပြစ်လွတ်ကြောင်းေုကညာပေးမည် မဟုတ်တဲ့။
"You shall not make wrongful use of the name of the LORD your God, for the LORD will not acquit anyone who misuses his name."

၃။ဘုရားသခင် အမိန့် ပေးတဲ့အတိုင်း ဥပုသ်စောင့်ပါတဲ့
"Observe the sabbath day and keep it holy, as the LORD your God commanded you.

၎။ ဖခင် မိခင်တို့ ကို ဘုရားသခင် အမိန့် ပေးတဲ့အတိုင်း ရိုသေလေးစားပါတဲ့
"Honor your father and your mother, as the LORD your God commanded you,

၅။ သူတစ်ပါးအသက် မသတ်ရတဲ့
"You shall not kill"

၆။ သူတစ်ပါးသားမယားကို မပြစ်မှားရတဲ့
"You shall not commit adultry"

၇။ သူတစ်ပါး ပစ္စည်းကိုမခိုးရတဲ့
You shall not steal

၈။ ကိုယ့်ရဲ့ အိမ်နည်းချင်းကို မဟုတ်မမှန် သက်သေ မဆိုရတဲ့
"You shall not bear false witness against your neighbor."

၉။ သူတစ်ပါးမယား မတရားလိုချင်စိတ်မဖြစ်ရတဲ့
"shall covet your neighbor's wife."

၁၀။ မိမိအိမ်နည်းချင်းပိုင် အိမ်၊ခြံ ကျွန်ယောက်ျား ကျွန်မိန်းမ၊ွိာံး မြင်းပု မည်သည့်ပစ္စ္စ္စ္စည်းကိုမဆို လိုချင်စိတ် မဖြစ်စေရတဲ့။
"You shall not desire your neighbor's house, or field, or male or female slave, or ox, or donkey, or anything that belongs to your neighbor."

ကဲ ညီမရေ ဒါလေးတွေကိုကည့်ရင် ဗုဒ္ဌဘာသာနဲ့ ခရစ်ယာန်ဘာသာ တော်တော်တူတယ်ဆိုတာသွားတွေ့ ရတယ်ကွ။
ကဲ ညီမရေ ဒီကိစ္စကိုဆွေးနွေးထားတဲ့ အေုကာင်းလေးကို ဒီမှာ ဖတ်ုကည့်လိုက်ကွာ အကိုအားလုံးပြောမပြတော့ဘူး
ဗုဒ္ဌဘာသာနဲ့ ခရစ်ယာန်ဘာသာဘာေုကာင့်တူညီနေရသလဲ အပိုင်း(၁)

Dienstag, 23. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၁၀

ဗုဒ္ဓရဲ့ ဟောပြောချက်နဲ့  ခရစ်တော်ရဲ့ ဟောပြောချက်တွေဘာ့ကြောင့် တူညီနေသလဲဆိုတာ မပြောခင် ညီမလေး အကို တစ်ခုမေးမယ် အဲဒါသိရင်ဖြေပေါ့ မသိရင်လည်း အကိုပဲ ပြောပြမယ်။
ဘာသာတရားတွေ ဘာ့ကြောင့်ပေါ်ပေါက်လာရသလဲ ဆိုတာ သိလား။

အင်း ခက်တယ် အကို မသိဘူး ဘာ့ကြောင့်လဲ ပြောပြပါလား

ဒီလိုကွ သမိုင်းမတင်ခင်က လူသားတွေဟာ အိမ်ဆိုတာလည်း မရှိဘူး သူတို့ က တောကြီးတွေထဲမှာ ဂူတွေထဲနေပြီး အမဲလိုက် စားသောက်နေထိုင်ခဲ့ကြတယ်ကွ။တခါတရံ မိုးတွေကရွာ လေတွေကတိုက် မိုးကိုးတွေကပစ်ဆိုတော့ ဟာ အဲဒါ မိုးလေ၀သ အကြောင်းမသိတော့ အပေါ်က တန်ခိုးရှင်က လုပ်တယ်ထင်နေတာ။ အဲတော့ ကြောက်တာပေါ့ကွာ ကြောက်တော့ သစ်ပင်ကြီးတွေအောက်သွားပြီး အားကိုးရာရှာကြတယ်ကွ ပထမတော့ အဲဒီသစ်ပင်ကြီးတွေကို ရှိခိုးကြတာပေါ့ နောက်တော့ သူတို့ နေတဲ့ နေရာ ဂူတွေရှိတဲ့ တောင်တွေကို ရှိခိုးကြတယ်။အဲဒါတွေက သူတို့ ကို အကာအကွယ်ပေးတာကိုး အဲဒါ ဘာသာတရားတွေ ပေါ်ပေါက်လာခြင်းရဲ့ အစပဲ ညီမလေး။ အဓိက ကတော့ ဘာသာရေးအစ ကြောက်ခြင်းက လို့ ပြောလို့ ရတယ်ကွ။ လူတွေဟာ အသိဥာဏ်နည်းလေ ပိုကြောက်လေပဲ။
အခုတော့ သိပ္ပံပညာက ထွန်းကားလာတော့ အသိဥာဏ်တွေက ပိုကျယ်လာတယ် သဘာဝကျကျ ပိုတွေးခေါ်လာနိုင်တယ်လို့ ပြောလို့ ရတယ်။ အရာရာကို ဘုရားသခင်က ဖန်တီးတယ်ဆိုတဲ့ ၀ါဒကို
သိပ္ပံပညာက တီကောင်ကို ဆားနဲ့ တို့ သလို တော်တော်လေး အီနေအောင် ခံနေရတယ်ကွ။ အခုအနောက်တိုင်းမှာဆိုရင် ခရစ်ယာန်ဘုရားကျောင်းတွေ အလုပ်မဖြစ်တော့လို့  စားသောက်ဆိုင် ကဖေးဆိုင် စာကြည့်တိုက် ပြတိုက်တွေ လုပ်ပစ်ရတယ်။ ဘာကြောင့်လည်းဆိုတော့လူမလာတော့ ရပ်တည်လို့မရဘူးလေကွာ အဲတော့ ဘုရားကျောင်းတွေ ရောင်းပစ်ရတာပေါ့။ တချို့ တော့ အခုတိုးတက်စ နိုင်ငကတွေကို လိုက်ပြီး သာသနာပြုနေကြတယ်လို့  အကိုကြားဖူးတယ်။

ဟုတ်တယ် အကို ဒီထိုင်ဝမ်မှာလည်း ကားမှတ်တိုင်တွေမှာ ခရစ်ယာန်အကြောင်းရေးထားတဲ့ စာရွက်တွေ လိုက်လိုက်ဝေနေတာတွေ့တယ် ကျမ လာပေးရင် လုံးဝ မယူဘူး။ ကျမအဲဒါ လုံးဝ မကြိုက်ဘူး။

အင်း အကိုတို့ ဗုဒ္ဓဘာသာက အဲဒီလို ဟင်းသီး ဟင်းရွက်ရောင်းသလို ဘယ်တော့မှ လမ်းပေါ်လိုက်မရောင်းဘူး
စိန် ရွှေ ပတ္တမြားဆိုတာ ဘယ်တော့မှ လမ်းပေါ်လိုက်ရောင်းရတာ မဟုတ်ဘူး။ ဘီရိုထဲထည့်ပြီးရောင်းရတာ အခုဆိုရင် ကိုးရီးယားတို့ ဂျပန်တို့ ဘက်မှာ ခရစ်ယာန်တွေ တော်တော် များလာတယ်ကြားတယ်။

အင်း အကိုကရော ဗုဒ္ဓဘာသာကို ဘယ်လိုထင်လဲ။ ဘာ့ကြောင့်ယုံကြည်ရတာလဲ။

အကိုကတော့ ပညာရှင်တွေလေးစားရတဲ့ ဗုဒ္ဓဘာသာကို ပိုပြီးသဘောကျတယ်။ သိပ္ပံနည်းကျတာတွေ အများကြီးတွေ့ ရတယ် နောက် အကန်းယုံတာကို အားမပေးဘူး။ ဖန်ဆင်းရှင် ကယ်တင်ရှင် ဆိုတာမရှိဘူး။
ကိုယ့်အားကို ကိုးပဲ။ နောက် ဗုဒ္ဓဘာသာက သိပ္ပံကို ကြိုဆိုတယ်လေကွာ။ သိပ္ပံကြောင့် ဗုဒ္ဓဘာသာက ပိုတောင် တန်ဖိုးတက်လာသေးတယ်။

ဒါနဲ့ အကို ဗုဒ္ဓရဲ့ ဟောပြောချက်နဲ့  ခရစ်တော်ရဲ့ ဟောပြောချက်တွေဘာ့ကြောင့် တူညီနေသလဲဆိုတာ ပြောပြအုံးလေ။

ဒီလို ညီမလေး ပညတ်တော် ၁၀ ပါး ဆိုတာ ကြားဖူးလား။

ဟင့်အင် မကြားဖူးဘူး ဘာတွေလဲ အကို

အော်အဂ်လိပ်လိုဆိုရင် 10 commitments လို့ ခေါ်တယ်

အော် အဲဒါဆိုရင် သိတယ်

အဲဒီ ၁၀ ချက်ထဲမှာ (၉) ချက်က လုံးဝ ဗုဒ္ဓဘာသာနဲ့ တူတယ်ကွာ။ နောက် ခရစ်တော်က ဗုဒ္ဓနောက် နှစ် ၅၀၀ လောက် နောက်ကျပြီးမှပေါ်တာဆိုတော့ ဆက်နွယ်မှုကတော့ရှိရမှာပေါ့ ။




Montag, 22. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၉

ခရစ်ယာန်ဘာသာအပေါ် ပွင့်လင်းတဲ့ ပြုံးရဲ့ အမြင်

ပြုံးနဲ့ ကျနော် စကားစပ်မိတိုင်း တခါတရံ ဘာသာရေးအေုကာင်းတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ကျနော်ပြောသလို ပြုံးဟာ ရိုးသားတဲ့အတွက် ဘာမဆို ရိုးရိုးလေး မြင်တတ်တာကိုက ကျနော့်အတွက် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာတယ်။ တခါက ပြုံး ရန်ကုန်ကို ခရစ်ယာန်ဘာသာဝင် အသိ ကောင်မလေးတစ်ယောက်နဲ့  လိုက်လာခဲ့တဲ့ အေုကာင်းကို အခုလို ကျနော့်ကို ပြန်ပြောပြဖူးတယ်...................
အကို ကျမသူနဲ့ ရန်ကုန်လိုက်လာတော့ ဘုရားရှိခိုးကျောင်းမှာ တစ်လလောက်တည်းခဲ့ရတယ်။ နောက် ဘုရားရှိခိုးကျောင်းမှာ ခုံတွေစီတာ သန့် ရှင်းတာတွေကိုလည်း ၀ိုင်းလုပ်ရတယ်။ အစားအသောက်တော့ ကျွေးပါတယ် တည်းခိုခ တလ ၈၀၀၀ ကျပ်ပေးရတယ် အကို။ တခါတရံ ဘုရားရှိခိုးကျောင်းထဲမှာ သူတို့ ဆုတောင်းတာကို ကျမ နားထောင်ုကည့်တယ်။အဲဒီတုန်းက မဂဿလာဒုံဘက်က ကောင်လေးတစ်ယောက် ဒုက္ခရောက်နေတယ် အဲဒါ ဘုန်ုးကီးလုပ်တဲ့ လူက သူ့ အတွက် ဆုတောင်းပေးနေသုံကားရတော့ ကျမ မရယ်မိအောင် မနည်းထိမ်းထားရတယ်။

ဘာဖြစ်လို့  ညီမလေးက ရယ်ချင်ရတာတုန်း

စဉ်းစာုးကည့် အကို လူတစ်ယောက်ဒုက္ခရောက်နေတာ ဆုတောင်းပေးရုံနဲ့  အဆင်ပြေရင် ဘာ အလုပ်လုပ်စရာ လိုတော့လို့ လဲ........

အေး ငါ့ညီမက ရိုးရိုးလေး စဉ်းစားတာကိုး သူတို့ က ကောင်းကင်ပေါ်မှာ ကယ်တင်ရှင် ရှိတယ်လို့ ယုံကည်ုကတာကိုးကွ အဲဒါကြောင့်အဲဒီ မမြင်ရတဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းတာ နေမှာပေါ့

အဲဒါဆိုရင် အကို ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင် ဘယ်လိုလုပ် ကိုယ့်ကိုကိုယ် အားကိုးချင်စိတ်ရှိတော့မလဲ အသာလေးထိုင်ဆုတောင်းနေလိုက်မှာပေါ့.........

အေး ငါ့ညီမကတော့ တကယ် ပွင့်ပွင့်လင်းလင်း မြင်တတ်တယ်ကွာ အကိုက အဲဒါကို သဘောကျတာ ဒိုံ့ဗမာတွေ ပြောကြတာ တစ်ခုရှိတယ် ညီမရ အတ္ဇာ ဟိ အတ္ဇနော နာထော ဆိုတာ နင်အဲဒါုကားဖူးလား

ဟင့်အင် တခါမှ မုကားဖူးဘူး အဲဒါဘာစကားလဲ

ဆိုလိုတာက ကိုယ့်အားကိုကိုး ရမယ်တဲ့ သူများအား မကိုးရဘူးတဲ့ အဂဿလိပ်လိုဆိုတော့ Rely on yourself ပေါ့

ဟုတ်တယ် အကို ကိုယ့်ကိုကိုယ် အားကိုးမှ တိုးတက်မှု ရှိတော့မှာပေါ့ သူတစ်ပါးကို အားကိုးနေလို့  ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး

ဟုတ်တယ် ညီမလေး အများစုက ကိုယ့်ရဲ့ ရှိတဲ့ စွမ်းအားကို မထုတ်ချင်ကြဘူး အရာရာသူတစ်ပါး အားကိုးချင်ကြတယ်။ ဗမာပြည်ကလူတွေ နတ်တွေ ကိုးကွယ်ကြတာလဲ အဲဒါကြောင့်ပေါ့ ညီမရာ။ ပုဂံ ခေတ်တုန်းက အနော်ရထာမင်းဆိုတာ ရှိခဲ့တယ်ကွ။ အဲဒီမင်းက အဲဒီခေတ်မှာရှိတဲ့ အပြင် ၃၇ မင်း အတွင်း ၃၇ အားလုံး နတ် ၇၄ လေးပါးကို ဗုဒ္ထဘာသာနဲ့ လုံးဝဆန့် ကျင်တယ်ဆိုပြီး နတ်တွေကို အကုန်ဖမ်း ထောင်ချခဲ့တယ်ကွ။
အခုပုဂံမှာ နတ်လှောင်ကျောင်းဆိုတာရှိတယ် အဲဒါပြောမယ်ဆိုရင် နတ်ထောင်ပေါ့ကွာ။
နောက်ပိုင်ုးကာလာတော့ နတ်တွေလည်း အကုန်ခုန်ထွက်ပြီး အခုတော့ အကုန် တစ်ချို တော့အိမ်တွေပေါ်ရောက်ကုန်တာပေါ့ကွာ။ အဲဒီအထဲမှာ အိမ်တွင်း မင်းမဟာဂီရိနတ်ဆိုတာရှိတယ် အိမ်ထောင့်လေးတွေမှာ အနီရောင် ပိတ်စလေးတွေနဲ့ လိုက်ကာလေးလုပ်ပြီး ပိတ်ထားတာလေ အဲဒီနတ် အေုကာင်း ပြုံးကြားဖူးလား

အဲဒီနတ်အေုကာင်းတော့ မသိဘူး တခါတရံ ဗမာသူငယ်ချင်းအိမ်သွားလည်တဲ့အခါ တွေ့ဖူးတယ် အဲဒီနတ်က ဘာလဲ အကို........

ဒီလိုကွ မင်းမဟာဂီရိနတ်ဖြစ်လာမယ့် နတ်လောင်းက မောင်တင့်တယ်တဲ့ တကောင်းခေတ်ကပေါ့။ သူ့ ညီမနာမည်က မြတ်လှတဲ့ အဲဒီတကောင်းမင်းက ယူလိုက်တာ။သူ့ အကို တင့်တယ်က အရမ်းသန်တဲ့ လူသန်ုကီးပေါ့ကွာ နောက်တော့ ဘုရင်က သူ့ ကိုေုကာက်တာနဲ့  နန်းတော်ထဲ မျှားခေါ်ပြီး မီးရှို့  သတ်ပစ်လိုက်တယ် နောက်တော့ လူတွေက သူ့ ကို နတ်ဖြစ်တယ်လို့ ယုံကည်ုကတယ် အဲဒါနဲ့ ကိုးကွယ်ကြတာပေါ့ကွာ။နောက်လူတွေက သူက မီးရှို့ အသတ်ခံရတာဆိုတော့ မီးမုကိုက်လောက်ဘူးထင်လို့  အိမ်တွေမှာ မီးဖွင့်ရင် အဲဒီနီရောင် လိုက်ကာလေးကို ပြေးပိတ်ကြတာကွ အကိုကတော့ အဲဒါလေးတွေကြည့်ပြီး ရယ်ချင်တယ်ကွာ။ဗမာပြည်မှာ မီးလောင်ရင် အဲဒီအိမ်တွင်းနတ်တွေ ဘယ်ပြေးကြတယ်မသိဘူး။ မြန်မာပြည် ဒီမိုကရေစီရပြီး လွတ်လပ်ရင် အဲဒီနတ်ကို မီးခံသေတ္ဇာထဲ ထည့်ထားမယ် ပြီးတော့ password နဲ့  ပိတ်ထားမယ်။
Password မေ့ရင်တော့ခံပေါ့။
ဒီလောက် တိုးတက်နေတဲ့ ခေတ်ုကီးမှာ သမိုင်းမတင်ခင်က ကိုးကွယ်မှုတွေကို အခုထိလက်ခံတုန်းရှိသေးတာ အကိုတော့ အုံ့သတယ်။ ညီမအဲဒါ ဘာဖြစ်လို့ လည်းသိလား၊

ကျမထင်တာတော့ လူတွေရဲ့ အသိဥာဏ်အားနည်းသေးလို့ ထင်တာပဲ........

အံမယ် ငါ့ညီမက ဒီတစ်ခါတော့ ဘယ်ဆိုးလို့ လဲ တိုးတက်လာပြီ။ နင်တွေးတာဟုတ်တယ် အသိဥာဏ်နည်းတော့ေုကာက်စိတ်တွေကများ အမှန်ကို အမှန်အတိုင်းမသိလို့  အဲဒီ ဘာမဟုတ်တဲ့ ပလတ်စတစ် အရုပ်လေးတွေကို အိမ်ထဲထည့် ကိုးကွယ်နေတာပေါ့ နောက်ပြီး ဒီနတ်တွေမှာ ဘာမှ အကျင့်ကောင်းတာမရှိဘူး ဟိုကောင် အရက်သမား ကိုကီးကျော်ဆိုတဲ့နတ် တနေကုန်မူးနေတာ အဲဒါကိုများ ကိုးကွယ်ကြတယ်တဲ့ အကိုတော့ တွေးလို့ ကို မရဘူး။ ဗုဒ္ထဘာသာက အရက်မသောက်ရလို့ တားမြစ်ထားတာ ငကျော် အရက်သမားကို ကိုးကွယ်တယ်ဆိုတော့ ဟာကွာ အကုန်ဆန့် ကျင်ဘက် မိုးနဲ့မြေ။
အဲဒါပဲကွ ကောင်းကင်ဘုံက ဘုရားသခင်ဆိုတာလဲ ဟိုးတုန်က လူတွေက အသိဥာဏ်နည်းတော့ မိုးချိမ်းတာကအစေုကာက်နေတာ နောက်တော့ ကောင်းကင်ပေါ်က ဟာုကီးက မုကိုက်လို့အော်နေတယ်ထင်ုကတာ။ နောက်သူုကိုက်အောင် မုန့် လေး ပူဇော် ထမင်းပူဇော် လုပ်ရင်း ဘုရားသခင်ဆိုတာ ပေါ်လာတာ။ အခုခေတ်တော့ Laptop တို့ Mobile phone တို့ ပူဇော်မှရမယ်။ဒါမှ ဘုရားသခင်က မိုးလေ၀သ သတင်းကို ချက်ချင်း chatroom တို့  sms တို့ ကနေ အမြန် Message ပို့ နိုင်မှာကွ။
နေအုံး စကားမစပ် ပြောရအုံးမယ် ဗုဒ္ထရဲ့ ဟောပြောချက်တွေနဲ့  ခရစ်တော်ရဲ့ ဟောပြောချက်တွေ ဘာေုကာင့်တူညီနေသလဲဆိုတဲ့ အေုကာင်းကော ပြုံုးကားဖူးလား

ဟင့်အင် အကို မုကားဖူးသေးဘူး စိတ်ဝင်စားတယ်ပြောပြပါလား

အေး အကို နောက်တော့ပြောပြမယ် အခုတော့ မောပြီကွာ နားလိုက်အုံးမယ် အချိန်လည်း သိပ်နောက်ကျနေပြီ အခုအကို့ ဆီမှာ မနက် ၁ နာရီ ၃၅ ရှိနေပြီ။ မနက်ဖြန် အလုပ်သွားရအုံးမယ်။ ဒါပဲနော် အကို အိပ်လိုက်အုံးမယ်...
အဲဒါဆို ဂွတ်နိုက်အကို..........
ဂွတ်နိုက် ညီမလေး...............

Samstag, 20. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၈

ကျနော်အွန်လိုင်းပေါ်မှာ ရှိနေတဲ့ အခါတိုင်း ပြုံးက
ဟေးအကို လို့ 
ခေါ်လိုက်တဲ့ အသံဟာ ကျနော့်ရင်ကို အေးမြစေခဲ့တယ်။ ကျနော် အမြဲဝမ်းသာမိတယ်
ဒါပေမယ့် အခုနောက်ပိုင်း ပြုံး အဲဒီလို မခေါ်တော့ဘူး ရိုးရိုး ဟလို ဟိုင်း လို့ ပှဲိုံတ်ဆက်တော့တယ်။ကြားရတာ အရသာသိပ် မရှိလှဘူး။ ဘာရယ်လို့ မသိဘူး။ ကျနော့်ကိုများ မကျေနပ်တာတွေရှိနေလို့လား စတဲ့ စတဲ့ မဟုတ်က ဟုတ်က အတွေးတွေ တခါတရံ ၀င်တတ်တယ်။ ကျနော်ထင်တာက သံယောဇဉ်ုကီးရင် ဒီလိုပဲ ဖြစ်တတ်တယ်ထင်ပါတယ်။
ကျနော်ကတော့ ကျနော့်ကို မုကိုက်ရင် ပွင့်ပွင့်လင်းလင်းပြောရင် ပိုသဘောကျတယ်။
(ကျနော် လေ့လာမိသမျှ ဗမာပြည်ကလူတွေ အများစုက ဘယ်တော့မှ ဖွင့်မပြောကြဘူး အောင့်ထာုးကတယ် နောက်ပေါက်ကွဲပြီဆိုရင် တသက်လုံး စကားမပြောကြတော့ဘူး အနောက်တိုင်းက လူတွေကြတော့ မုကိုက်ရင် မြိုသိပ်မထားဘူး ချက်ချင်းပြောချလိုက်တာ အဲဒါ ကျနော်သိပ်ကြိုက်တယ်။ ရန်ဖြစ်လည်းခဏပဲ အငြိုးအတေး အာဃာတ ဆိုတာတွေ သိပ်မထာုးကဘူး။ဗမာပြည်မှာ ရန်ဖြစ်ပြီးရင် တသက်လုံးခေါ်တော့ဘူး ပြောတော့ ဘာသာတရား ကိုင်းရှိုင်းတဲ့နိုင်ငံဆိုပဲ)
ဒါကတော့ အနောက်နဲ့ အရှေ့  ကွာတာလေးပြောတာ...ဆရာုကီးလုပ်တင်မထင်ပါနဲ့ 
ဒီနေ့ ပြုံးက ကျနော့်ကို အကို စာတွေ ရေးထားနော်တဲ့
အားရင် ရေးထားမယ်လို့ ပြောထားတော့ ဘာရေးရမလဲ စဉ်းစားရင်း
ကျနော် အခန်း 4 မှာပြောခဲ့တဲ့ တရုတ်လူမျိုးတွေ ဘာေုကာင့် ဗမာနိုင်ငံရောက်လာရသလဲ ဆိုတဲ့ အေုကာင်းကို ပြုံးပြောပြတဲ့အတိုင် ကျနော်တင်ပြချင်ပါတယ်...
.....ပြုံး အကို့ ကို ဘာဖြစ်လို့ တရုပ်လူမျိုးတွေ ဗမာပြည်ထဲ ရောက်လာတာလဲ ဆိုတာ ပြောပြပါလား။
အင်း အကို ပြောရမှာက အရှည်ကြီး
.......နင်သိသလောက်ပြောပြပေါ့ကွာ
အဖွားပြောပြတာကတော့ တရုပ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးဆိုတာပေါ်ပေါက်ခဲ့တယ်တဲ့ နောက် တရုပ်ပြည်မှာ ပြည်တွင်းစစ်ကြီးတွေဖြစ်တော့ ဆင်းရဲတဲ့ လူတွေက ချမ်းသာတဲ့လူတွေကိုသတ် ပစ်စည်းတွေလု အဲဒီလိုလုပ်ုကတော့ အဖွားတို့ က တောမှာ ချမ်းသာကြတယ်လေ အဲဒီတော့ေုကာက်တော့ အသက်လုပြီး ဗမာပြည်ထဲကို ထွက်ပြေးခဲ့ရတယ်။အဲဒီတုန်းက အမေက ၄ှိံစ် ၅ှိံစ် သမီးလေး အဖွားကလက်ဆွဲပြီးခေါ်ခဲ့ရတယ်တဲ့
ပထမဆုံး နမ့်ခမ်းနားမှာရှိတဲ့ ကန်တုန်ဆိုတဲ့ မြို့ လေးမှာ နေုကတယ်။ ဘ၀ကို အစကနေ စရတာပေါ့။ ပိုက်ဆံဆိုလို့  လက်ထဲမှာ တပြားမှ မရှိဘူး။နောက်ပိုင်ုးကိုးစားရင်း အခုနေတဲ့ ပြင်ဦးလွင်ကို ပြောင်းလာခဲ့ကြတာတဲ့။ အဖွားက မုကာခဏပြောတယ် နင်တို့ အရမ်း ကံကောင်းတယ်တဲ့။
တချို့ ဆွေမျိုးတွေ တရုပ်ပြည်မှာ အများကြီးရှိသေးတယ်။ ကျမ တခါ သွားလည်တုန်းက သူတို့အရမ်းပျော်ကြတယ်။

....အင်း တော်တော်စိတ်ဝင်စားတယ်ကွာ အကိုက ကုလားတွေ ဗမာပြည်ထဲ အဂ်လိပ်တွေ ခေါ်သွင်းလာတယ် ဆိုတာုကားဖူးတယ်။ ဗမာတွေက အဂ်လိပ်တွေကို ပြန်ချဖို့ ပဲ ချောင်းနေတာ ဘာမှခိုင်းမရဘူး အဲဒါကြောင့် ကုလားတွေကို ခိုင်းဖို့ ခေါ်လာတယ်လို့ကားဖူးတယ်။
ဒါနဲ့  နင်တို့ အမေတို့  အဖွားတို့က မြန်မာနိုင်ငံသားဖြစ်ပြီလား။

မဖြစ်သေးဘူးအကို အက်ဖ်အာစီတွေ

အော်....နင်တို့ လို ဗမာပြည်ထဲမှာ မွေးရင်တော့ နိုင်ငံသားဖြစ်ရမှာပေါ့
အေးကွာ ဗမာပြည်က စစ်အာဏာရှင်ဆိုတော့ လူ့ အခွင့်ရေးဆိုတာ ဘာမှ မရှိဘူး
ဒါပေမဲ့ ဒီမိုကရေစီရရင် ထိုက်တန်တဲ့ အခွင့်အရေးတွေ အားလုံးရုကမှာပါ။

ကျမကတော့ ဘယ်ဟာက ကိုယ့်အိမ်ဆိုတာ ခံစားလို့ မရဘူး

အင်း အကိုနားလည်ပါတယ် ညီမရယ် ဒါပေမဲ့ကွာ ကိုယ်မွေးတဲ့နေရာ
ကိုယ့်အိမ်ပေါ့ ဟုတ်ဘူးလား။

ဟုတ်ပါတယ်


ကိုယ်မွေးတဲ့နေရာကိုတော့ မေ့ထားလို့ မရဘူးကွ ဘာပဲဖြစ်ဖြစ် တနေ့နေ့တော့ ပြန်ရမှာပေါ့

ဟုတ်တယ် ကျမလည်း ပြင်ဦးလွင်ကို သိပ်သဘောကျတယ်

နေအုံး အကိုကားဖူးတာ တစ်ခုရှိတယ် ဗမာပြည်ကတရုတ်တွေက အမေရိကားရောက်ရင် ဗမာလိုပြော ဗမာလိုဝတ် ဗမာယဉ်ကျေးမှုကို သိပ် မြတ်နိုးတယ်တဲ့ ဒါပေမဲ့ ဗမာအစစ်တွေက အဂ်လိပ်လိုပဲပြောတယ် ဘောင်းဘီတွေပဲ ၀တ်တယ်လို့ုကားဖူးတယ် ပြုံးအဲဒါကြားဖူးလား

ဟင့်အင် မုကားဖူးဘူး ဘယ်လိုဖြစ်တာလဲ

ဗမာတွေက ဘ၀င်မြင့်တဲ့ရောဂါက တော်တော်ရင့်နေပြီ နောက်ပြီး အာဏာရှင်အောက်ရောက်တှိာံစ်လေးဆယ်ကျော်ဆိုတော့ လူတွေက အကုန်မွဲကုန်တာ။ ငမွဲ ငမွဲချင်း ဘယ်အထင်ုကီးမလဲ။ အဖြူတွေဆိုရင် အိုမဲ့အိမ်မဲ့ ဖြစ်ပစေ အထင်ုကီုးကတာ။ အဖြူကောင်တွေ လမ်းပေါ်မှာနေတာ တပုံကီး။ အမေရိကန်တွေ တောင်းစားနေတာ အများကြီး။ ဂျပန်တွေဆို အိုးမဲ့အိမ်မဲ့က အများကြီး။ ချမ်းသာတဲ့နိုင်ငံက ဆိုရင် စွတ်အထင်ကြီးတဲ့ ရောဂါ ဗမာတွေ တော်တော်များများမှာစွဲနေတယ်။ ဗမာအချင်းချင်းကြတော့နှိမ်ချင်ကြတယ် ငမွဲဆိုပြီးတော့။ကိုယ့ိုံင်ငံကကောင်က ကိုယ့်နိုင်ငံက လူကို အထင်မုကီးရင် ဘယ်ကောင်က လာအထင်ုကီးမှာလဲ။
အကိုက လူတစ်မျိုးကွ ငွေကို မုကည့်ဖူး အကျင့်စာရိတ္တကိုကြည့်တာ။ငွေရှိတိုင်း အကျင့်ကောင်းတာမဟုတ်ဘူး
ငွေရှိလေ အကျင့်ပျက်လေပဲ။
နောက်ပြီးအကိုပြောရအုံးမယ် ဗမာပြည်မှာရှိတဲ့လူတွေက ဂုဏ်မက်ုကတယ်ကွ ဥပမာကွာ အခုခေတ်မှာ လူတွေက ပညာသင်တာ ဘွဲ့ရဖို့တဲ့
နောက်ဘွဲ့က ဘာလုပ်ဖို့ လည်းဆိုတော့ လူသေရင် အသုဘဖိတ်စာဆိုပြီး သတင်းစာမှာရေးတယ်ကွာ အမြှီးတွေရှည်အောင် နောက်ထည့်တယ်ကွာ လူသေတာတောင် အုကွားမရပ်သေးဘူး နောက်ပြီး မဂ်လာဆောင်လည်း အမြှီးလေးတပ်ကြတယ်ကွာ
မသေခင်တော့ ဧည့်ခန်းမှာ ဧည့်သည်လာရင်ုကွားဖို့ချိပ်ကြတယ်ကွာ
အကုန်လုံး ဟန်ဆောင်တွေချည်းပဲ အပေါ်ယံတွေ ဂုဏ်တွေချည်းပဲ အှိံစ်တော့ သိပ်မရှိပါဘူး
စာတတ်လားဆိုတော့ ယောင်တောင်တောင်ပါကွာ....
နောက်ပြောအုံးမယ် စားမေးပွဲအောင်ဖို့ ခိုးချ ဆရာလာဘ်ထိုး အဲဒါလူတိုင်းသိနေတာ ဒါတောင် ကပ်ုကွားနေသေးတယ်။
အကိုတော့ ခိုးလို့ ရတဲ့ လက်မှတ်ကြီး ဧည့်ခန်းမှာ ချိတ်ရမှာ ရှက်တယ်။ သေရင်လည်း ယူသွားလို့ရတာ မဟုတ်ဘူး။ အကုန်ထားခဲ့ရမှာ။ မယုံရင်ုကည့်နေ နောက်ကျရင် လူသေထည့်တဲ့ အခေါင်းပေါ်မှာ အသေကောင် မြုတ်တဲ့ အုတ်ဂူပေါ်မှာ ဘွဲ့ တံဆိတ်တွေ တန်းစီရေုးကလိမ့်မယ် ကွယ်လွန်သူ ဒေါ်မာန အသက် ၄၀ှိံစ်(ြBA(Yangon) MA(Kyant taw) Ph.D(Yeway) BED(Madalay) B.L.A(Lodon) MBBS(Oxford)။
အဲဒီလိုတွေရေးလာကြလိမ့်မယ် ဒါပေမဲ့ အဲဒါတွေကို မြင်ပြီး စာဖတ်တဲ့ ငတုံးတွေက အထင်ုကီုးကလိမ့်မယ်။
သူများ အထင်ုကီးအောင် ရေုးကတာကိုးကွ။ အကိုက အမြှီး မပေါက်ချင်ဘူး တိရိစ္စာန်မှ မဟုတ်တာ။
အဲဒီအထဲမှာ အကိုမပါဘူး ငါ့ ညီမ။
အဲဒါတွေအကိုက မုကိုက်ဘူး
ပြုံး ဆိုကရေတီ သိလား

သိတာပေါ့ အကိုကလဲ

ပြုံး သူ့ အေုကာင်းဘာသိလဲ

နာမည်ပဲုကားဖူးတာအကို

သူဘာပြောခဲ့ဖူးတယ်ဆိုတာသိလား

မသိဘူး အကို

ဟင်း နင်က ငါ့ညီမလုပ်နေပြီး ဒါလေးတောင် မသိဘူးဆိုတော့ အကိုနာမည်ပျက်တာပေါ့ကွာ ဒီမှာ ဆိုကရေတီးဆိုတာ ခရစ်တော်မပေါ်ခင် ၄၆၉ ကနေ ၃၉၉ ခှိုံစ်မှာ ဂရိနိုင်ငံမှာပေါ်ခဲ့တဲ့ ဧရာမ ပညာရှိကြီးပေါ့ကွာ
သူပြောခဲ့တာက
ကျနော်သိတာတစ်ခုပဲရှိတယ် အဲဒါကျနော်ဘာမှမသိဘူးတဲ့
အဂ်လိပ်လို ရှင်းရှင်းလေးမှတ်ချင်ရင်တော့
I know one thing that I know nothing.
ပေါ့ကွာ အဲဒီလိုလဲမှတ်ထားလိုက်ပေါ့.......

ပြုံးရေ ဗမာပြည်က အုပ်ချုပ်နေတဲ့လူတွေက အကုန်သိနေတယ် အဲဒါဆို ပြုံးသဘောပေါက်ပေါ့ကွာ
ကဲ အကိုလည်းအိပ်ချင်ပြီ နောက်မှ ဆက်ပြောကြမယ် ဒီအေုကာင်းတွေဆက်ပြောနေရင် ဆုံးမှာ မဟုတ်ဘူး
အကိုကတော့ ညီမနဲ့  စကားပြောတိုင်းပျော်နေတာပဲ
နောက်ဆုံးအနေနဲ့  နင် ပျင်းစိတ်လေးကို နည်းနည်းဖျောက်နော် ဆရာုကီးလုပ်တယ်မထင်နဲ့ 
အခုတော့ ဒီလောက်ပဲ
ဂွတ်နိုက်နော်
စီးယူ လိပ်ပြာ

Montag, 15. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၇

ကျနော် ပြုံးဆိုတဲ့ နာမည်ကို သဘောကျတာနဲ့ ဒီနာမည်ကို
ဘယ်သူပေးတာလဲ လို့ မေုးကည့်တော့
ပြုံးက

ဆေးရုံက နတ်စ်မလေ
.....ဟင် ဘယ်လိုလဲ
ဟုတ်တယ် အကိုရဲ့ ပြုံး မွေးမွေးချင်း ကလေးလေးက လုံးဝ မငိုဘူးတဲ့
ဒါ့ကြောင့် နာတ်စ်မက ပြုံးပြုံးလို့နာမည်ပေးဖို့ အမေ့ကို အုကံဥာဏ်ပေးတာနဲ့ 
မွေးစားရင်းမှာ ပြုံးပြုံးလို့နာမည်ပေးလိုက်တာတဲ့
......အင်း စိတ်ဝင်စားစရာပဲ

အကိုရေ လူတွေဟာ လူတွေဟာ မပြုံးတတ်ကြဘူး ပြုံးပြလိုက်တဲ့အတွက်
လူမှု ဆက်ဆံရေးတွေမှာ ဘယ်လောက်အရေးပါသလဲ ဆိုတာ မသိုကဘူး လို့ 
ကျနော့်ကို ပြုံးတဲ့အတွက် ရတဲ့ အကျိုးတွေကို ရှင်းပြနေတယ်။
ကျနော်ကတော့ သူ့ ရဲ့ မပိတပီပြောတာလေးကို အာရုံစိုက်နားထောင်နေမိတယ်။
စကားမစပ် ကျနော်က ပြုံးကို မုကာခဏနောက်တာလေး တစ်ခုရှိတယ်
နင် အတိတ်ဘ၀က ဗမာလူမျိုး ဖြစ်ခဲ့တာ ဖြစ်ရမယ်
နင်က ဗမာဆန်တယ် ဗမာအစားအစာ အကုန်ုကိုက်တယ် လို့ ပြောတော့
ဟုတ်ချင် ဟုတ်မှာပေါ့တဲ့
ပြုံးက ငပိေုကာ် မကျီးသီထောင်းချက် ချဉ်ပေါင်ရွက်ကြော်
အဲဒါတွေကို အရမ်ုးကိုက်တယ် လို့ 
ကျနော့်ကို မုကာခဏပြောပြတယ်။
ကျနော်နဲ့ပြုံးမှာ တိုက်ဆိုင်မှုတွေအများကြီး ရှိခဲ့တယ်
ဥပမာ ကျနော်မေးမှာကို သူကမေးလိုက်တာ၊ ကျနော်မေးမှာကို ပြုံးသိနေတာ၊ တခါတရံ တပြိုင်တည်းပြောမိတာ စတာတွေ အများကြီးပဲ။
အဲဒါတွေကြောင့် ကျနော်တို့နှစ်ယောက် အုံ့သခဲု့ကတယ်။
တကယ်တော့ ကျနော်နဲ့ပြုံးဟာ အမြင်ချင်းတူ၊ အတွေးအခေါ်တွေကလည်းတူတာတွေကြောင့် ပိုပြီးရင်းနှီးခဲ့ရတယ်လို့ထင်တာပဲ။
နောက်ပြီး နားလည်မှုတွေ အများကြီးရှိသလို တယောက်ကိုတယောက် နားလည် ယုံကည်မှုတွေ အများကြီးရှိကြတယ်။
တခါတရံ အိမ်ထောင်ရေး

ကိစ္စတွေဆွေးနွေးဖြစ်ကြတယ်။

ပြုံးက သူငယ်ငယ်တုန်းက အဖေနဲ့ အမေ ရန်ဖြစ်ကြတာကို မြင်တော့ အရမ်းစိတ်ဆင်းရဲခဲ့ရတယ်တဲ့

ဒါကြောင့် တတ်နိုင်ရင် လင်မယားတွေဟာ ကလေးတွေ မမြင်အောင် ရန်ဖြစ်သင့်တယ်တဲ့

ဒါနဲ့ကျနော်က ဒါဆိုရင် ဘယ်လိုလုပ်မလဲလို့မေးတော့

အိမ်နောက်ခန်းမှာ တိုးတိုးသွားရန်ဖြစ် ရတာပဲ

………ဘာလဲ နင်က ယောက်ျားကို နောက်ခန်းခေါ်သွားပြီး ကုန်းကိုက်မလို့မဟုတ်လား


ဟုတ်ပါဘူး ကလေးတွေ မမြင်တဲ့နေရာ ရန်ဖြစ်တော့ကောင်းတာပေါ့


………အင်းဟုတ်တာပေါ့ ရန်မဖြစ်တာတော့ ကောင်းတာပေါ့


ကျမအဖေက အရမ်းဒေါသကြီးတယ် တခါတရံ အမေ့ကိုအော်နေတာမြင်တော့ အရမ်းစိတ်ဆင်းရဲရတယ်


………အင်း အဲတော့ နင်ဘယ်လိုလုပ်လဲ


ကျမ အဖွားအိမ်ကို သွားနေလိုက်တာပေါ့


………နင့်အဖေက တော်တော်ဒေါသကြီးသလား


တော်တော်ကြီးတယ် လူတွေကို ဒေါသတကြီးနဲ့ လိုက်အော်လို့ အမေနဲ့ ကျမ လိုက်တောင်းပန်ရတာလည်း အမောပဲ


………နင့်အမေက ဘာမှ ပြန်မပြောဘူးလား


အမေက အေးအေးသမားလေ ဘာမှ မပြောဘူး


………အေးကွာ ဒေါသဖြစ်တာတော့ မကောင်းဘူးကွ


တခါတရံ ကျမတို့ မိသားစုတွေ ပျော်ပျော်ပါးပါးနဲ့စကားပြောကြ ရယ်နေကြတုန်း အဖေရောက်လာရင် အားလုံး ကြက်ပျောက် ငှက်ပျောက် အကုန်ပြေးကုန်ရော


………ဟုတ်တယ်ဒေါသဖြစ်တဲ့လူတွေဆိုရင် တော်တော်လူမုန်းများတယ်


ဟုတ်ပ အဖေဆိုရင် မိတ်ဆွေဆိုတာ နည်းနည်းလေး သူ့ကမ္ဘာလေးက တော်တော်ကျဉ်းတယ်


……….အေးကွာ ဒေါသဖြစ်ရင် ပြောမိပြောရာ ပြောတော့တာပေါ့ ဗမာစကားတစ်ခုရှိတယ်ကွ နှုတ်ကြောင့်သေ ဆိုတာလေ


ဟုတ်တယ် အကို အဲဒါကြောင့် ဒေါသဖြစ်တဲ့ လူဆိုမကြိုက်ဘူး


………ကိုသာ မိန်းမရခဲ့ရင် ကိုကတော့ တတ်နိုင်သမျှ ရန်မဖြစ်အောင်နေမယ်

အင်း ဘယ်လိုနေမလဲ အကို


………လွယ်ပါတယ်ကွာ ကိုယ့်ကို မိန်းမကအော်နေရင် စိတ်တိုအောင်လုပ်နေရင် ကိုကတော့ အိမ်ပြင်ထွက်သွားလိုက်မှာ

ကောင်းသားပဲ


………. မိန်းမစိတ်တိုပျောက်တဲ့ နောက်တစ်နာရီလောက် ဆိုရင် အကို လက်ဆောင်လေးတစ်ခု ၀ယ်ပြီးပြန်လာခဲ့မယ်

အကိုက ဘာတွေဝယ်လာမှာလဲ


………ကိုယ့်မိန်းမကြိုက်တတ်တာလေးတွေပေါ့ ငှက်ပျောသီးတို့ စာစရာတို့ပေါ့ကွာ

ဟွန်း ဒါတွေက အကို ကြိုက်တဲ့ ဟာတွေဥစ္စာ


……….ငါ့မိန်းမကြိုက်တတ်တာတွေ အစောကြီးက မေးထားမှာပေါ့ အဲဒီလိုဝယ်လာပြီး အိမ်ရောက်တော့

မိန်းမရေ မင်းကြိုက်တတ်တာလေးတွေ အကိုဝယ်လာတယ်၊ အကို့ဘက်က မှားတာရှိရင် ခွင့်လွှတ်ပါကွာ

ဆိုရင် ရန်မဖြစ်တော့ဘူးလေကွာ

အကို့နည်းကမဆိုးပါဘူး


…………အကိုကတော့ ရန်ဖြစ်တာကို လုံးဝမကြိုက်ဘူး ဒေါသမဖြစ်အောင်လည်းတတ်နိုင်သမျှ နေရမယ်

ဟုတ်တယ် ကျမလည်း အဲဒီအတိုင်းပဲ



အဲဒီလို ကျနော်တို့ဟာ အကြောင်းအရာ အတော်စုံစုံကိုဆွေးနွေးဖြစ်ကြတယ်။

အားလုံးကို ကျနော်နဲ့ ပြုံး အကြံပေးချင်တာက ဒေါသကို တတ်နိုင်သမျှ ထိန်းကြပါ

ရန်မဖြစ်ကြပါနဲ့ အားလုံး ချစ်ချစ် ခင်ခင်နေကြပါလို့……………….

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ……………………………








Sonntag, 14. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၆

၁၄ စက်တင်ဘာ
မနေ့ ညက ကောင်းကောင်းအိပ်မပျော်တော့ စိတ်ထဲမှာ တမျိုးခံစားနေရတယ်။
ပြုံးနဲ့ မနက် ၉ နာရီလောက်ကတည်းက စကားပြောဖြစ်ကြတယ်။
ဒီနေ့လည်း ကျနော်တို့ အုကာုကီး စကားပြောဖြစ်ကြတယ်။

ပထမဆုံး မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက် ၅ ခုအေုကာင်းပြောဖြစ်တယ်
အဲဒီ ၅ ခုက
၁. ကူညီဖို့  အမြဲအဆင်သင့်ရှိရမယ်
၂. မိတ်ဆွေတွေကို တန်းတူညီမျှ ထားတတ်တဲ့ စိတ်ရှိရမယ်
၃.ကိုယ့်မိတ်ဆွေတွေကို ကောင်းစေချင်တဲ့ဆန္ဒရှိရမယ် မနာလိုစိတ်မဖြစ်ရဘူး
၎.စကားကို ချိုချိုသာသာပြောရမယ် ငြင်းခုန်တာကိုရှောင်ရမယ်
၅.ကိုယ့်ရဲ့မိတ်ဆွေအပေါ် ချစ်ခင်စိတ် အပြည့်အ၀ထားရမယ်

အဂ်လိပ်လိုပြောတော့
1. Ready to help at any time
2.Equallly Associate with all
3.Good wish without jealousy.
4.Friendly speaking avoiding from argument.
5.Full of love on friends.
ဒီအထက်က ပြောခဲ့တဲ့ မိတ်ဆွေ ကျင့်ဝတ်တွေကို
ပြုံးနဲ့ ကျနော် အများစုကို လိုက်နာခဲု့ကလို့ ကျနော်တိုှိံ့စ်ယောက်ဟာ အခုချိန်အထိ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် ရှိနေကြတယ်လို့ထင်တယ်။ ကျနော်နဲ့ ပြုံးဟာ အမြဲ သူတစ်ပါးကို ကူညီချင်စိတ်ရှိကြတယ်။မျှဝေ ခံစားချင်စိတ်ရှိတယ်။သူတစ်ပါးကို သနားတတ်တယ် ဒါတွေ ဟာ မိတ်ဆွေကောင်းတွေမှာ ရှိသင့်တဲ့ အရာတွေ လို့ထင်တယ်။
နောက်တခုက ပြုံးဟာ မာနုကီးတဲ့လူတွေ ကိုယ့်ကိုကိုယ် အထင်ုကီးပြီး စိတ်ုကီးဝင်နေတဲ့လူတွေကို လုံးဝ မုကိုက်ဘူး။
တခါကပြုံး ကျနော့်ကို ပြောပြဖူးတယ်…
….အကို ကျမက မိတ်ဆွေတွေ အများကြီးရချင်လို့ နက် သူငယ်ချင်းတွေရှာခဲ့တယ်.နောက်ပိုင်း ဘာမှ ဆက်ပြောစရာမရှိတာနဲ့ အများကြီး delete လုပ်ပစ်လိုက်တယ်။ တချို့တော့ ကျန်ပါသေးတယ်။
ဒီထဲက တစ်ယောက်အေုကာင်းကို ပြောပြမယ် အကို..
သူက လောလောဆယ် ထိုင်ဝမ်မှာ ဗမာပြည်က သူကပညာတတ်ဆိုတော့ နည်းနည်း ဘ၀င်မြင့်တယ်။ကျမအဲဒီလိုလူမျိုးလုံးဝ မုကိုက်ဘူး အဲဒါနဲ့ delete လုပ်ပစ်တာ။…..
ဒါကိုကြည့်ရင် အားလုံးကို တန်းတူရည်တူ ဆက်ဆံရမယ် တယောက်ကို တယောက် မှိံမ်ရဘူး။ အဲဒါတွေဟာ တကယ့်မိတ်ဆွေကောင်းတွေမှာ ရှိသင့်တာတွေပေါ့။
နောက် တစ်ယောက်အပေါ် တစ်ယောက် မနာလိုစိတ် တစ်စက်မှ မရှိဘူး ပြုံးက အမြဲသူတစ်ပါးကို မျှဝေနေချင်သူတစ်ယောက်။
နောက်ထပ် ကျနော် ပြောပြချင်တာက ပြုံးနဲ့ ကျနော် ဘယ်တော့မှ မငြင်းခုန်ဘူး။ အမြဲ ရယ်ရယ် ပြုံးပြုံး ချစ်ချစ်ခင်ခင် ပြောတယ်။ကြမ်းကြမ်းတမ်းတမ်းတွေလည်း မပြောဘူး
အမြဲ ချိုချိုသာသာ ပြောတယ်။ဒါကြောင့် ပြုံးရဲ့ ချိုသာတဲ့ အပြောတွေဟာ ကျနော့်ကို အများကြီး သံယောဇဉ်တွယ်စေခဲ့တယ်။
ကျနော်တိုှိံ့စ်ယောက်က တစ်ယောက်ကို တစ်ယောက်ချီးမွမ်းနေကြတယ်။
နောက် အရေုးကီးတဲ့ အချက်က ကိုယ့်မိတ်ဆွေ အပေါ်မှာ အမြဲ ချစ်ခင်စိတ် အပြည့်ရှိရမယ်တဲ့
ကျနော့်ုကွားပြောတာမဟုတ်ဘူး ပြုံးကို တကယှ်ိံစ်နှစ်ကာကာ ညီမလေး အရင်းတစ်ယောက်လို ကျနော် ရင်ထဲကနေ ချစ်တဲ့စိတ်ကိုထားတာ။ဒါကို ပြုံးလည်းသဘောပေါက်တယ်။အကိုက အရမ်းသည်းခံတယ်လို့လည်း မုကာခဏ ကျနော့်ကိုပြောတာ အဲဒါက တကယ်တော့ ပြုံးအပေါ် ကျနော်ထားတဲ့ ချစ်ခင်က်ြင်နာစိတ်ကြောင့်ပါ။
ပြုံးကလည်း ကျနော့်ကို အဲဒီလိုစိတ်ထားတယ်လို့ လည်း ကျနော်အပြည့်အ၀ ယုံကည်တယ်။
ဒါကြောင့် ကျနော်ပြောချင်တာက မိတ်ဆွေကောင်းတွေ ရချင်ရင် အွန်လိုင်းပေါ်မှာတွေ့ပေမဲ့ တကယ့် မောငှ်ိံမစိတ်မျိုးထားနိုင်ရင် မိတ်ဆွေကောင်းတွေ အများကြီးရနိုင်ပါတယ်။
အွန်လိုင်းပေါ်မှာတွေ့တာဆိုပြီုးကမ်းတမ်းတဲ့ စကားတွေ မပြောသင့်ပါဘူး
ုကမ်းတမ်းသော စကားကို ဆိုသူသည်
ုကမ်းတမ်းသော စိတ်ထားရှိရမည်။

ညဥ့်နက်လာတာနဲ့အမျှ နောက်ပိုင်းမှာစကားပြောရတာ သိပ် တက်ုကွမှုမရှိဘူးလို့ခံစားမိတယ်။
ပြုံးအရမ်းအိပ်ချင်နေတယ်ဆိုတာ ကျနော်သိတယ်။
ပြုံးအိပ်ချင်မူးတူးနဲ့ စကားပြောနေတာဟာ အရမ်းကို ချစ်စရာကောင်းတယ်လို့ ပြောလိုက်တော့
သူ ကျနော့်ကို စိတ်ဆိုးသွားတယ်လို့ထင်တယ်
အရမ်းတွေးမနေနဲ့ စောစောအိပ်လို့  ကျနော့်ကို အမိန့်ပေးပြီး
ကွန်ပြူတာပိတ် အိပ်သွားတယ်။
အချိန်တွေဟာ အရမ်းမြန်လွန်းတယ်။
ချစ်သော ညီမလေးရဲ့ဘဝ
အမြဲသာယာပါစေ
နေ့ စဉ် နေ့ တိုင်းပျော်ရွှင်နိုင်ပါစေလို့
အကို အမြဲ ဆုတောင်းပေးနေမယ်

အကိုကတော့ ဖြစ်နိုင်ရင် လူသားအားလုံး အမြဲ ပြုံးပျော်စေချင်တယ်

နောင်အချိန်ရရင် ဆက်လက်ရေးသားပါမည်။

Samstag, 13. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၅

အခန်း (၅)


ဒီနေ့ မနက် ၅ နာရီလောက် ရုတ်တရက် နိုးလာတယ်။

ပြုံးနဲ့ စကားပြောချင်တဲ့ စိတ်ကို မျိုသိပ်ပြီး ပြန်အိပ်လိုက်တယ်။

နောက် ၈ နာရီလောက်မှ ပြုံးနဲ့ စ chat ဖြစ်တယ်။ နောက် တစ်နာရီလောက် စကားပြောဖြစ်တယ်။

ကျနော်တို့ နေ့စဉ် စကားပြောနေပေမဲ့ ဘာ့ကြောင့်ရယ်မသိ အမြဲစိတ်ဝင်စားစရာတွေရှိနေတာ အံ့သြစရာပဲ။

နောက် ၁၁ နာရီလောက် ခဏ နားပြီး ၁၂ နာရီ ခွဲကနေ ဆက်ပြောလိုက်တာ ည ၈ နာရီအထိ။

ပြုံးဘက်က မနက် ၃ နာရီ။ စံချိန်ချိုးတဲ့ နေ့ပေါ့။

ဒီနေ့ပြောတဲ့ အကြောင်းတွေကလည်း အများကြီး

စိတ်ဝင် စားစရာ အကောင်းဆုံးက ပြုံးရဲ့ ခရစ်ယာန်ဘာသာအပေါ် ပွင့်လင်းတဲ့အမြင်၊

နောက် ပြုံးက အခြားနိုင်ငံတွေကို ခရီးသွားချင်တယ်တဲ့

ကျနော် ပြုံးကို အားပေးစကားတွေ အများကြီးပြောဖြစ်တယ်။ မဖြစ်နိုင်တာတွေကို မစဉ်းစားပဲ ဖြစ်နိုင်စရာလေးတွေကိုပဲ ပိုတွေးရင် ဖြစ်နိုင်ခြေတွေ အများကြီးတွေ့နိုင်တယ် ဆိုတဲ့ အကြောင်းလည်းပြောဖြစ်တယ်။

ဒီအချက် ၄ ခုကို လုပ်ရင် အရာရာကို အောင်မြင်နိုင်တယ် လို့ ပြုံးကို ပြောပြဖြစ်တယ်…

၁. တကယ်ဖြစ်ချင်တဲ့ ကြီးမားတဲ့ ဆန္ဒ

၂. ကိုယ့်ဆန္ဒကို အောင်မြင်ဖို့ အမြဲ ကြိုးစားနေရမယ်

၃. ကိုယ့်ဆန္ဒကို ပြောက်မသွားအောင် အမြဲ စိတ်ကိုနှိုးဆော်နေရမယ်

၎.နောက် ကိုယ့်ဆန္ဒပြည့်ဝဖို့ အမြဲ စူးစမ်းလေ့လာနေရမယ်


အင်္ဂလိပ်လို ပြောရင်

1. Strong wish or desire

2. struggling to fulfil the wish

3. Keeping update the wish to be more stronger

4. Making research to fulfil the wish


ဒီနေ့ စကားပြောပြီးတဲ့နောက် ကျနော်နဲ့ပြုံး ပိုသံယောဇဉ်ပိုတွယ်နေတယ်လို့ ခံစားရတယ်။

စကားတွေ အများကြီးပြောလေ ပြုံးဟာ တကယ် ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ပါလားလို့ ကျနော် ပိုနားလည်လာရတယ်။

Pyone is a gift for me and she said the same to me.


Donnerstag, 11. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၎

အခန်း (၄)


၁၂ စက်တင်ဘာလ ၂၀၀၈

သောကြာနေ့

ကျနော့်ဘက်က အပြင်မှာ မိုးကလေးဖွဲဖွဲ ကျနေတယ်။

ပြုံးဘက်မှာတော့ လေမုန်းတိုင်း ၀င်နေတဲ့အတွက် သရဲခြောက်သလို တ၀ှီဝှီမြည်နေတယ်တဲ့။

မနက်ဖြန် အလုပ်သွားစရာမလိုတဲ့အတွက် အပျော်လွန်နေတဲ့ ပြုံး ခုန်ပေါက် ကခုန်နေတယ်။

ဒါနဲ့ ပြုံးနဲ့ကျနော် ဒီနေ့ နာရီပေါင်းများစွာ စကားပြောဖြစ်ခဲ့ကြတယ်။

ပြုံးဘက်က ထိုင်ဝမ်စံတော်ချိန် မနက် ၄ နာရီ ခွဲ သွားတယ်။အကိုသွားအိပ်တော့မယ်တဲ့ ငိုမနေနဲ့နော် ဆြိုပီး ကျနော့်ကို နောက်ပြီး သွားအိပ်သော်လည်း ကျနော်သူ့ကို သနားလို့ သွားအိပ်တော့လို့ပြောပေမဲ့ ကျနော် ပြုံးနဲ့ နောက်ထပ် အကြာကြီးဆက် စကားပြောချင်နေသေးတယ်။

ဘာရယ်လို့မသိတဲ့ ကျနော့်ရင်ထဲမှာ ဟာတာတာကြီး ကျန်ခဲ့တယ်။

ကျနော်တို့ ပြောခဲ့တဲ့ အကြောင်းတွေက

ဒေါသအလွန် ကြီးလွန်းတဲ့ ပြုံးရဲ့ အဖေ အကြောင်းရယ်

တရုပ်လူမျိုးတွေ ယဉ်ကျေးမှုတော်လှမ်ရေးကြောင့် ဗမာပြည်ထဲထွက်ပြေးလာရတဲ့အကြောင်းရယ်၊

တရုပ်ပြည်က (ဂရိတ်ဝေါလ်) မဟာရံ တံတိုင်းကြီးကို တည်ဆောက်ခဲ့တဲ့ ဘုရင် ကွင်ရှိဝှမ်ရဲ့ အကြောင်းရယ်၊

နောက် အလွန်ရက်စက်လွန်းတဲ့ တဦးတည်းသော တရုပ်ဘုရင်မတစ်ပါးအကြောင်းရယ်

အကြောင်းအရာတွေက အများကြီးပဲ။

ပြုံးပြောပြနေတုန်း ကျနော် စိတ်ဝင်တစား နာထောင်ခဲ့တယ်

ကျနော် ပြုံးတို့မိသားစု ဆွေမျိုးတွေရဲ့ အကြောင်းတွေကို ပိုနားလည်နာလည်လာရတယ်။

အွန်လိုင်းပေါ်က သံယောဇဉ် ၃

အခန်း (၃)

ကျနော် အခန်း(၁) မှာ ပြောခဲ့တဲ့ အတိုင်း အတိတ်ဘ၀ အကြောင်း စိတ်ဝင်စားတာနဲ့ စာအုပ်တွေလျှောက်ဖတ် လေ့လာရင်း ဒေါက်တာ မင်းတင်မွန်ရေးတဲ့ ရှေးဘ၀ နောက်ဘ၀ သိပ္ပံနည်းကျ အထောက်ထားများ စာအုပ်ကို ဖတ်မိတော့ စာမျက်နှာ ၁၃၀ မှာ ဖော်ပြ ထားတဲ့ အဖြစ်အပျက်ကလေးက တော်တော် တိုက်ဆိုင်နေတာနဲ့ ကျနော် ဒီနေရမှာ အကျဉ်းချုပ်ဖေါ်ပြချင်ပါတယ်။

အတိတ်ဘ၀ က အတူနေဖူးတဲ့ ဖူးစာရှင်တွေ ဒီဘ၀မှာ ပြန်ဆုံတော့ မြင်မြင်ချင်း စိတ်လှုပ်ရှား ခဲ့ရတဲ့ အမေရိက က အဖြစ်အပျက်ကလေးတစ်ခု….


အခုဘဝ

ကယ်လီဖိုးနီးယားပြည်နယ် ဗင်းနစ်မြို့မှ စာရေးဆရာဖီးလစ် သည် ခရီးသွားရင်း အယ်နီ ဆိုသည့် မိန်းကလေးတစ်ဦးနှင့် ဆုံစည်းမိ၏။ ဖီးလစ်သည် မြင်မြင်ချင်း အန်နီအပေါ် မေတ္တာ သက်ဝင်မိပြီး အန်နီရဲ့ မေတ္တာကိုလည်း ငံ့မျှော်မိ၏။ သူ့ကိုယ်သူလည်း သူစိမ်းမိန်းကလေး တစ်ယောက်ကို ဒီလောက် ဣနြေ္ဒ မထိန်းနိုင်လောက်အောင် စိတ်ယိမ်းညွတ်ရမလား ဆိုပြီး အပြစ်တင်နေမိတယ်။ ဒါပေမဲ့ အန်နီကလည်း စိတ်ဝင်စားနေကြောင်း အရိပ်အယောင်ပြတယ်လို့ သူနားလည်လိုက်တယ်။ ဒါနဲ့ အိမ်ရောက်တော့ အန်နီကိုဖုန်းဆက်လိုက်တယ်။ နောက်ပိုင်း စကားပြောရင်း သူတို့နှစ်ယောက် ရင်းနှီးချစ်ခင်သွားကြတယ်။


အတိတ်ဘ၀ဖြစ်စဉ်

အဲဒီထူးဆန်းတဲ့ အဖြစ်အပျက်တွေကြောင့် ဖီးလစ်က အန်နီရဲ့ ရုပ်ပုံလွှာကို စိတ်အာရုံထဲ စူးစူးစိုက်စိုက်ကြည့်လိုက်တော့ အာရုံထဲမှာ တရိပ်ရိပ် ထူးဆန်းတဲ့ ပုံတွေ တခုပြီးတခုပေါ်လာတယ်။

``ပထမလယ်ကွင်းစိမ်းစိမ်းရယ်...ခြံစည်းရိုးရယ်....သိုးတွေရယ် ကျွန်တော် မြင်လာတယ်။ ပြီးတော့ ဂါဝန်ရှည်ရှည်နဲ့ မိန်းမလှလေး ပြုံးပြုံးကြည်ကြည်နဲ့ ကျွန်တော့်ကိုကိဆိုနေတယ်။ အနီးကပ်ုကည့်လိုက်တော့ အန်နီနဲ့ တထေရာတည်းပဲ။ သူ့ နာမည်က မာသာဝီလျံတဲ့။ အဲဒီတုန်းက ကျနော်က အတွင်းဝန်ကလေး ဝေါလ်တာမောရစ် ဖြစ်ခဲ့တယ်။ မာသာဝီလျံကို ကျနော့် ကိုပိုင်ကားနဲ့ တင်ပြီး ကိုလိုရာဒိုမြို.ထဲကို လျှောက်လည်ကြတယ်။ သိပ်ပျော်စရာ ကောင်းတဲ့ အချိန်ပေါ့။

နောက် တစ်ခန်းမြင်ကွင်းကတော့ မာသာဝီလျံနဲ့ ကျနော်ဟာ သာသနာပြု အဖွဲ့တဖွဲ့နဲ့အတူ တရုပ်ပြည်ဘက်ကိုလိုက်သွားကြတဲ့ အေုကာင်းပါပဲ။ မျက်နှာဖြူတွေ အများကြီး အသတ်ခံလိုက်ရတယ်။ ကျနော်တို့လည်း အမေရိကန်ပြည်ကို အမြန်ဆုံးပြန်ဖို့ စီစဉ်ုကတယ်။

ဒါပေမဲ့ လမ်းခရီးမှာ ကျနော်တို့ရဲ့ သင်္ဘောကို ဂျပန်ကင်းလှည့်သင်္ဘောက မီလာတယ်။ ဂျပန်တွေက ကျနော်တို့ ယောက်ျားတွေကို ကြိုးနဲ့တုတ်နှောင်ထားပြီး တွဲချည်ထားတယ်။ မိန်းမတွေကို မတရားဆော်ကားပြီး သတ်ပစ်ကြတဲ့အထဲမှာ မာသာဝီလျံလဲ ပါသွားတယ်။

ညဘက်ကျတော့ ကျနော်တို့ထဲက တစ်ယောက်က လွတ်မြောက်သွားလို့ ကျန်တဲ့လူတွေအားလုံးကို ကြိုးဖြေပေးလိုက်တယ်။ ဂျပန်တွေသိသွားတဲ့အတွက် သင်္ဘောပေါ်မှာ ပြေးရင်းလွှားရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။ မာသာဝီလျံကို သတ်တဲ့ ဂျပန်ကို ကျနော် လှလှကြီးပြန်လက်စားချေလိုက်တယ်။ အဲဒီနောက် ကုန်းပတ်ပေါ်မှာရှိတဲ့ စက်သေနတ်ကို ကျနော်စီးမိပြီး တရကြမ်းဝှေ့ယမ်းပစ်လိုက်တာ ဂျပန်တွေ အတုန်းအရုံးကျကုန်တယ်။

…. မကြာပါဘူး ကျနော့် လက်မောင်းတစ်ဖက်ဟာ ကျည်ဆန်ထိမှန်သွားလို့ ပူခနဲဖြစ်သွားပါတယ်။

သင်္ဘောကြီးလဲ မီးစွဲလောင်ပြီး ပေါက်ကွဲသွားတယ်။ ကျနော်ဟာ ရေထဲလွင့်စဉ်သွားပြီး ရေမျောနေတဲ့ သေတ္တာတစ်လုံးကို တွယ်ဖက်မိတယ်။ တစ်ညလုံးမျောနေတယ် မနက်မိုးလင်းတော့မှ ရုတ်တရက် သင်္ဘောတစ်စင်းကကယ်တင်ပေးလိုက်တယ်။

…….ကျနော်ဟာ အမေရိကန်ကို မပြန်ဖြစ်တော့ဘဲ သြစတြေးလျကိုသွားတဲ့ သင်္ဘောတစ်စင်းနဲ့ လိုက်သွားတယ်။ အဲဒီကနေ အင်္ဂလန်ကိုသွားတယ်။ နောက်တော့မှ အမေရိကန်ပြန်ဖြစ်တယ်။ ပြန်ရောက်ပြီး မကြာခင်မှာ ကျနော်ဆုံးသွားပါတယ်။

…………….

အဲဒီလို အတိတ်ဇတ်လမ်းကို ရုပ်ရှင်တကားလိုမြင်ရတော့ စာရေးဆရာဖီးလစ်ဟာ တော်တော် အံ့သြတုန်လှုပ်သွားတယ်။ဒါဟာ စိတ်ကူးယဉ်တာမဟုတ်ပဲ အာရုံထဲမှာပေါ်လာတဲ့ တကယ့် အဖြစ်အပျက်ပုံစံမျိုး..အဲဒါကြောင့် ဒီဇာတ်လမ်း အဖြစ်အပျက်ကို လက်တွေ့ စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်…..

ပထမဆုံး ကိုလိုရာဒိုမြို့သို့သွားပြီး ဝေါလ်တာမောရစ် ဆိုတာရှိခဲ့သလားလို့ မိသားစုဝင်တွေကို မေးကြည့်တော့ ဟုတ်တယ် လွန်ခဲ့တဲ့ ၁၉၃၀ ခုနှစ်ဝန်းကျင်က သူရှိခဲ့တယ်၊ နောက် တရုတ်ပြည်ကို သာသနာပြုအဖွဲ့နဲ့ သွားခဲ့တဲ့ အကြောင်းကအစ နောက် အမေရိကန်ပြန်ရောက်ပြီးဆုံးသွားတဲ့ အကြောင်းတွေ ကြားရတော့ ဖိလစ်ဟာ သူ့နားကိုသူ မယုံနိုင်အောင် အံ့သြပြီး ကြက်သီးတဖြန်းဖြန်းထမိတယ်။

နောက် အတိတ်ဘ၀က ဝေါလ်တာမောရစ်ရဲ့ သမီးမစ္စက်ကောင်လီနဲ့တွေ့တဲ့အခါကြတော့လည်း မစ်စတာ ဖိလစ် အာရုံထဲမှာ မြင်ခဲ့သမျှတွေ အားလုံးမှန်ကန်ကြောင်း ဓာတ်ပုံတွေထုတ် စာတွေထုတ်ပြပြီး ရှင်းပြလိုက်တယ်

ဒါဟာ ၂၀ ရာစုနှစ်ရဲ့ ရှေ့ဘ၀ နောက်ဘ၀နဲ့ ပတ်သက်တဲ့ သာဓကလေးပါ…..

အဓိက ကျနော်ပြောပြချင်တာက

ဒီလို ကျနော်တို့ကိုယ်တိုင် မမြင်နိုင်တဲ့ အတိတ်ဇာတ်လမ်းတွေ

ပြုံးနဲ့ ကျနော်တို့ အတူနေခဲ့ရတဲ့ ဘ၀တွေ မရှိပဲ

ဘယ်နည်းနဲ့မှ လာဆုံစရာ အကြောင်းမရှိဘူး ဆိုတာပါပဲ။

ခက်တာက ကျနော် ကိုယ်တိုင်လည်း ဘာမှ အတိတ်အကြောင်း မသိတော့

ပြုံးကိုယ်တိုင်လည်း ဘာမှ မသိတော့ပါ။

အခုဘ၀ ငယ်စဉ်တုန်းက အဖြစ်အပျက်တွေအားလုံး ပြန်သတိမရနိုင်တော့ရင် အတိတ်ကို ပြန်မြင်ဖို့ဆိုတာ အဝေးကြီးပါ…….

ပြုံးမကြာခဏပြောလေ့ရှိတဲ့ စကားလေးတခုရှိသေးတယ်…..

ဆားမရှိရင် စကားမပြောချင်ဘူးတဲ့…….

တရုတ်လို (ယွမ်ဖင့်) ကံကြမ္မာ ရေစက်တဲ့ ..နောက်ပြီးတော့

တရုတ်လို (ယွမ်) ဆား တဲ့

ဒါကြောင့် တရုတ်လို အနီးစပ်ဆုံးဖြစ်တဲ့ ကံကြမ္မာ ရေစက် ကို ဆားလို့ပြောလိုက်တာတဲ့……

သူမကြာခဏ အွန်လိုင်းပေါ်မှာလူတွေတွေ့တယ် ဒါပေမယ့် ဆားမရှိတော့ တော်တော်များများကို စကားမပြောချင်ဘူးလို့ ပြုံးခဏခဏ ပြောပြလေ့ရှိတယ်။

သူဆိုလိုတာက ဘာကံ အဆက်အစပ်မှ မရှိရင် စကားကို မပြောချင်ဘူးတဲ့

သူပြောတာကို စိတ်ဝင်စားလို့ ကျနော် သတိထားကြည့်လိုက်တော့ အများကြီးဖြစ်နိုင်တယ်ဆိုတာတွေ့ရတယ်

ဒါကြောင့် ကျနော်က ပြုံးကို နောက်ပြီးပြောတယ် အကိုနဲ့ ညီမလေး ကတော့ ဆားတင်မကဘူး ငါးပိရည်ပါရှိလို့ ဒီလောက် အကြာကြီးပြောနိုင်တာလို့ ပြောတော့

အဲဒါဆိုရင် ပြုံးက တို့စရာပါ ထည့်လိုက်ပေါ့တဲ့………..

……………………………………………………………..


အွန်လိုင်းပေါ်က သံယောဇဉ် ၂

အခန်း (၂)


၂၀-၈။၂၀၀၈

ဂျာမန် စံတော်ချိန် နံက် ၁ နာရီ

ရုတ်တရက် din dong ဆိုပြီး အသံတခုပေါ်လာတော့ လန့်သွားတယ်။

ကြည့်လိုက်တော့ ပြုံးဆီက လှမ်းချက်လိုက်သည့်အသံ

အလုပ်များနေတာနဲ့ chatroom ကိုပိတ်ဖို့မေ့သွားမှန်း ကျနော်သတိထားမိလိုက်တယ်။

ဒါနဲ့ကျနော်လည်း ပြန်ချက်လိုက်တယ်…….

ညီမလေး နိုးပြီလား

…..အင်း နိုးပြီ…

အစောကြီးနိုးနေပါလား

…ဟုတ်တယ် ည ၉ နာရီကတည်းက စာဖတ်ရင်း အိပ်ပျော်သွားတာ…….

စကားပြောအုံးမလား

… ဟင့်အင် မပြောတော့ဘူး

ဘာလဲ မပြောချင်တော့ဘူးလား

….မဟုတ်ဘူး အလုပ်သွားရမှာလေ.

အလုပ်က ဂ နာရီမှပါ အခုမှ ၆ နာရီရှိသေးတယ်

…..ဟုတ်တယ် ဒါပေမဲ့ ရေချိုးရအုံးမှာလေ

အို နင်ကလည်း ရေချိုးတာ ၂ နာရီတောင်ကြာတယ်

…..အကိုကလည်း မိန်းကလေးဆိုတာ ရေချိုးတာကြာတယ်လေ

ရပါတယ် ငါသိပါတယ် နင်ငါ့ကို စကားမပြောချင်လို့မဟုတ်လား

….မဟုတ်ဘူး အကို စကားပြောပြီးရင် ဖြတ်လို့မရမှာစိုးလို့

အဲဒီလိုကျနော် သူ့ကို စလိုက်တော့ သူမခံချင်စိတ်ဖြစ်ပြီး ကျနော့်ကိုဖုန်းလှမ်းခေါ်လိုက်တယ်

ထုံးစံအတိုင်း ကျနော်က ညီမလေးကို စနေကြ။

အဲဒီလိုနဲ့ ကျနော်တို့စကားပြောရင်း…..ညီမလေး….ဆုံးသွားတဲ့အကို အကြောင်းမရှင်းလို့ပြန်ပြောပြပါ လားလို့ပူဆာလိုက်တော့ ကျနော့်ကို အခုလို အသေးစိတ်ပြောပြနေတယ်…….


ပြုံးပြောပြတဲ့ ဇာတ်လမ်းကျဉ်း……….


၂၀၀၁ ခုနှစ် ကပေါ့ အကို…..

အကိုလတ်ရယ် ကျမရယ် ပြင်ဦးလွင်ကနေ ရန်ကုန်ကို သွားလည်ကြတယ်။

အကိုလတ်နာမည်က ဖြိုးတဲ့။ ကျမသူ့ကို အရမ်းချစ်တယ်။သူက ကျမ ဘာလိုချင်သလဲ ပိုက်ဆံလိုချင်လား အကုန်လုပ်ပေးတယ်။ကျမနဲ့ အကိုနဲ့ အတူနေတာဆိုတော့ သံယောဇဉ် ပိုရှိကြတယ်။ အခြား အကိုကြီးရယ် အမကြီးရယ်က ထိုင်ဝမ်မှာ။

ရန်ကုန် ယောက်လမ်းမှာလည်း ကျမတို့အိမ်ရှိတယ် နောက်ပြီး စန်းချောင်းမှာလည်း အဒေါ့်အိမ်ရှိတယ်။ ကျမတို့က အဒေါ့်အိမ်မှာ အနေများတယ်။

၂လလောက်ကြာတော့ ကိုဖြိုးက ဖျားတယ်ဆိုလို့ မြေနီကုန်းမှာရှိတဲ့ မဟာမြိုင်ဆေးခန်းကိုသွားပြတာ ဆရာဝန်က ဘာရောဂါဖြစ်နေတယ်ဆိုတာလဲ တိတိကျကျမပြောဘူး။ သွေးအားနည်းတယ် လိုအပ်ရင် သွေးသွင်းလိုက်လို့ အဲဒီလိုပဲမှာလိုက်တယ်။ ဆေးရုံတက်ရမယ်ဆိုလို့ ဆေးရုံ တပတ်လောက်တက်လိုက်တယ်။ကိုဖြိုးလည်း ဆေးရုံကဆင်း ရန်ကုန်မှာ ၂ လလောက် ဆက်နေပြီး ပြင်ဦးလွင်ကိုပြန်သွားတယ်။ ရောက်ပြီး ၁ ရက် ၂ ရက်လောက်ရှိသေး အဖေက တရုပ်ပြည်ခဏသွားမယ်ဆိုလို့ ကိုဖြိုးလည်း လိုက်သွားတယ်။အဲဒီမှာ ၁ လလောက်နေပြီးပြန်လာကြတယ်။ အကိုပြန်လာပြီး မကြာဘူး အိမ်ဘေးမှာရှိတဲ့ အကို့ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်က မင်္ဂလာဆောင်မယ်ဆိုလို့ အကိုကသွားကူညီလိုက်သေးတယ် ဒါပေမဲ့ ညနေပိုင်းမှာ ခေါင်းမူးတယ် ခေါင်းမူးတယ်ဆိုပြီး ပြန်သွားတယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် အကိုရယ်…

မူဆယ်မြို့က အကို့ရဲ့ ရည်းစားဟောင်းကလည်း အဲဒီနေ့က မင်္ဂလာဆောင်တယ်တဲ့။ တရုပ်တွေက ရက်ကောင်းရွေးတယ် ပြီးတော့ မင်္ဂလာဆောင်ရင် သုံးရက်လောက်ကြာတယ်။ နောက်ဆုံးနေ့ကတော့ အကြီးအကျယ် ပျော်တဲ့နေ့ပေါ့။ ဒါပေမဲ့………………………

သူများတွေပျော်နေကြပေမဲ့………..ကျမအကို အဲဒီနေ့မှာပဲ ရုတ်တရက် ဆုံးသွားရှာတယ်။ သူ့အသက်က ၂၃ နှစ်ပဲရှိသေးတယ်။ ဘာရောဂါနဲ့ ဆုံးမှန်းလည်းမသိဘူး….

နောက်မှသိရတာက သွေးဖြူဥ အားနည်းတဲ့ ရောဂါတဲ့….

( ပြုံးက သူ့အကိုလတ်ရဲ့ အဖြစ်ကိုပြောပြရင်း မျက်ရည်တွေစီးကျနေတယ် အသံကလည်း ဖြည်းဖြည်းနဲ့နိမ့်ဝင်သွားတယ်။ ကျနော် ကိုယ်တိုင်လည်းဆို့နင့်စွာ ခံစားလိုက်ရတယ်)

ဘာဖြစ်လို့တိုက်တိုက်ဆိုင်ဆိုင် အဲဒီတရက်ထဲမှာ ပြိုင်တူဖြစ်ရတာလည်း ကျမအဲဒါနားမလည်ဘူး။

ကျမရယ် အမေရယ်က အဲဒီတုန်းက ရန်ကုန်မှာ။ ကျမအဲဒီသတင်း ကြားကြားချင်း လုံးဝ မယုံဘူး။ မဖြစ်နိုင်ဘူးလို့ စိတ်ထဲမှာတွေးနေမိတယ်။ အဲဒါနဲ့ ချက်ချင်း ပြင်ဦးလွင်ကို လိုက်လာခဲ့တယ်။ အိမ်ရောက်တော့….တကယ်ပဲ ကျမချစ်တဲ့ အကို ဆုံးသွားရှာပြီ။ ရင်ထဲမှာ မိုးကြိုးပစ်တဲ့အတိုင်းခံစားလိုက်ရတယ်။ကျမ ဘယ်လိုမှ ဖြေ မဆည်နိုင်ဘူး။ အရမ်းကို ၀မ်းနည်းမိတယ်။ သေခြင်းတရားဆိုတာ အချိန်မရွေး ရောက်လာနိုင်ပါလား ဆိုပြီး သဘော ပေါက်မိတယ်။ သေတယ်ဆိုတာ သဘာဝပါ အကို…

လူတွေက အဲဒါကိုကြောက်နေကြတယ်။ တကယ်တော့ သေခြင်းတရားကို ရှောင်ပြေးနေတာထက် ရင်ဆိုင်လိုက်တာက ပိုပြီး အမောသက်သာမယ် ထင်တယ်။ အကိုရယ် အရာရာတိုင်းဟာ မမြဲပါဘူး။

မွေးဖွားတယ်ဆိုတာရှိရင် သေဆုံးတယ်ဆိုတာလည်း ရှိရမှာပေါ့။ တရုပ်လို(Yinko Shinhwan )အကြောင်းရှိရင် အကျိုးရှိရမယ်တဲ့။ ဘာတတ်နိုင်မှာလည်း အကို….

ဒါပေမဲ့ ကျမ မကျေနပ်တာက မြေနီကုန်းမှာရှိတဲ့ မဟာမြိုင်ဆေးခန်းက ဆရာဝန်

ဘာရောဂါ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မပြောဘူး။ အဲဒီတုန်းကတည်းက သွေးဖြူဥ အားနည်းနေမှန်းသိရင်ပြောပါလား။ ကျမတို့ ကြိုကုလို့ရတာပေါ့ အခုတော့ ဆရာဝန်က ဘာမှ တိတိကျကျ မပြောဘူး။ ကျမစိတ်ထဲမှာတော့ ကျမအကို မသေသင့်ပဲ သေရတယ်လို့ အခုထိ ယုံကြည်နေတယ်။တကယ်တော့ ဆရာဝန်တွေဟာ မိသားစုဝင်တွေကို ဘာရောဂါ ဖြစ်တယ်ဆိုတာကို တိတိကျကျ ကြိုပြောသင့်တယ်။

ဇာတ်လမ်းကတော့ အဲဒါပဲ အကို….

ကျမအရင်တုန်းကဆိုရင် အကို့အကြောင်းပြောမယ် ကြံတိုင်း ဆို့နင့်နင့်ကြီးခံစားရပြီး ဆက်မပြောနိုင်တော့ဘူး။ အခုတော့ အများကြီး ဖြေနိုင်လာပြီ။

ကဲ အကို အခုနောက်ကျနေပြီ အလုပ်သွားတော့မယ်နော်…

အဲဒါကြောင့်ပြောတာ စကားစပြီးရင် ဖြတ်မရဘူးဆိုတာ………………

အကို့ကြောင့် အခု ရေလည်း မချိုးရတော့ဘူး မျက်နှာသစ်ပြီး သွားတော့မယ်……လို့

ကျနော့်ကို နှုတ်ဆက်ပြီး အလုပ်သွားသော်လည်း ကျနော့် ရင်ထဲမှာ ဘာရယ်လို့ပြောမပြနိုင်တဲ့

ဝေဒနာ တခုခံစားလိုက်ရတယ်။

ပြုံးရယ် မင့်ကို အကိုတစ်ယောက်လို ဆက်ချစ်နေမှာပါ။

ညီမရဲ့ ဘ၀ကို အကို အများကြီးနားလည်ပါတယ်။

………………………………………………………………………..

Mittwoch, 10. September 2008

အွန်လိုင်းပေါ်က သံယောဇဉ် ၁


အခန်း (၁)


အချိန်ကား ၂၀၀၄ ခုနှစ်

ဂျာမဏီ၏ ဆောင်းရာသီကာလ

ဒီဇင်ဘာလအတွင်း နေ့ရက်တရက်

ပြင်းထန်သည့်ရာသီဥတု ဒါဏ်ကြောင့် ခိုက်ခိုက်တုန်အောင် အေးမြနေသည်။

မြူနှင်းများလည်း ဖွေးဖွေးဖြူအောင် ကျနေသည်။

တခါတရံ အအေးချိန် မိုင်းနတ်စ်အောက် ၁၀ မှ ၂၀ အထိ ထိုးဆင်းသွားသည့် အခါမျိုးလည်းရှိသည်။

ဗမာပြည်တွင် ညအခါသာ အေးပြီး နေထွက်လာသောအခါ အအေးဓာတ်ပေါ့သွားသော်လည်း ဥရောပ၏ဆောင်းရာသီမှာ အမြဲမှောင်ပြီး ၂၄ နာရီ အေးနေသည်။ ဒီကြားထဲ မိုးကလေးကတဖွဲဖွဲ၊

မကြာခဏ အပြင်ကိုကြည့်လိုက်တိုင်း နှင်းမှုန်တွေနဲ့ ရစ်ဝိုင်းနေတဲ့အတွက် လွမ်းသလိုလို ဆွေးသလိုလို ခံစားမိသည်။

မကြာခဏ အထီးကျန်သလိုလို ခံစားမိသည်။

ဂျာမဏီကို ရောက်ပြီးကတည်းက နှစ်စဉ်နှစ်တိုင်း ဒီရာသီရောက်လာရင် ဒီရောဂါက ပုံမှန်တက်လာတတ်သည်။

ဒီနှစ်တော့ ထူးထူးခြားခြား စကိုင်းပီလို့ခေါ်တဲ့ အင်တာနက် တယ်လီဖုန်းစနစ်ကို ကျနော် စသုံးဖြစ်သည်။

ဒါနဲ့ ထုံးစံအတိုင်း လွမ်းစိတ်၊ ဆွေးစိတ်၊ အထီးကျန်စိတ်တွေကို ဖြေဖျောက်ဖို့

ကျနော် စကိုင်းပီကို ကျနော့်ဘ၀ရဲ့ အဖော်မွန်

စကိုင်းပီကို ကျနော့်ရဲ့ဝေဒနာတွေကို ကုပေးမဲ့ ဖြေဆေးအဖြစ် အသုံးချဖို့ အကြံတစ်ခုရတယ်။

အဲဒီလိုနဲ့ ကျနော် စကိုင်းပီကို ဖွင့်လိုက်တယ်။

ပြီးတော့ search ဆိုတဲ့ အပေါ်မှာ နှိပ်လိုက်တယ်။

နောက် မြန်မာမိန်းကလေးတွေထဲက အလှဆုံးနာမည်တစ်ခုကို ခဏစဉ်းစားလိုက်တယ်……….

ခဏနေတော့ ဦးနှောက်ထဲမှာ ဒိုင်းခနဲ ``ပြုံး´´ဆိုတဲ့နာမည်တစ်ခုပေါ်လာတယ်။

ထုံးစံအတိုင်း search ထဲမှာ pyone လို့ရိုက်လိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင် pyone pyone ဆိုပြီး username တစ်ခုပေါ်လာတယ်။

Profile မှာလည်း ထိုင်ဝမ်လို့ရေးထားတယ်။ ခပ်တည်တည်နဲ့ ကျနော့် contacts ထဲမှာ add လုပ်ထားလိုက်တယ်။

နောက်တနေ့ ကျနော် ကွန်ပြူတာဖွင့်ကြည့်လိုက်တော့ အလှဆုံးနာမည် နှစ်ထပ်ကွမ်း ပိုင်ရှင် ``ပြုံးပြုံး´´ အွန်လိုင်းပေါ်မှာ စိမ်းနေတာကိုတွေ့နေရတယ်။

ကျနော် add လုပ်တာကို သူလက်ခံလိုက်တယ် ဆိုတဲ့ သဘောပေါ့။

ဒါနဲ့ ကျနော့်မှာ ရှိသမျှ အားတွေ ညှစ်ထုတ်လိုက်ပြီး

Hello လို့ ကျနော် စနှုတ်ဆက်လိုက်တယ်။ ရှင်းရှင်းပြောရရင် ကျနော်က မိန်းကလေးတွေနဲ့ စကားပြောရင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်ပြီး ခွေးအကြီးလှည်းနင်းသလို ဘယ်ကစလို့ ဘာပြောရမှန်းမသိ ဖြစ်နေတာက များတယ်။ ဘာပဲပြောပြော ဒီတခါတော့ အင်္ဂလိပ်လို chatroom ကနေဆိုတော့ စဉ်းစားချိန်လည်းရတယ်၊ နောက် ကျနော် ကြောက်နေတာကိုလည်း သူမသိနိုင်ဘူး

ဒါနဲ့ သူ့ဘက်ကလည်း

Hello ဆိုတဲ့ ကျနော့်ကို အသိအမှတ်ပြုတဲ့ တုန့်ပြန်ချက်ကလေးရတော့ ကျနော် အရမ်းကို ၀မ်းသာမိတယ်။

ကျနော် နားလည်ထားတာက မိန်းကလေးတွေဟာ မာနကြီးတယ်။

တော်ရုံတန်ရုံလူ စကားမပြောဘူး၊ အရေးမလုပ်ဘူး။

အခုတော့ ဒီလိုမဟုတ်ပဲ ကျနော့်ရဲ့ အတွေးတွေ သီယိုရီတွေ လုံးဝ မှားပြီး သူ့တုန့်ပြန်ချက်ကို ရခဲ့တယ်။

ကျနော်ဆက်ပြီးတော့

Hello…..

How are you? နေကောင်းလား

I am fine.

Where are you now? အခုဘယ်မှာရောက်နေလဲ

Now in Taiwan.

When did you come to Taiwan? ထိုင်ဝမ်ကို ဘယ်တုန်းကတည်းက ရောက်နေတာလဲ

Since two months ago.

Which city are you from in Burma? ဗမာပြည် ဘယ်မြို့ကလဲ

From Pyin Oo Lwin

What are you doing there ? အခု အဲဒီမှာ ဘာတွေလုပ်နေလဲ

I am studying here.

အဲဒါနဲ့ ကျနော်တို့ နှစ်ယောက် နေ့တိုင်း chat ဖြစ်ခဲ့ကြတယ်။ နောက်ပိုင်းတော့ chat ရုံတင်မဟုတ်ပဲ headset နဲ့ စကားတွေပြောဖြစ်ခဲ့ကြတယ်။ အစပိုင်းတော့အင်္ဂလိပ်လိုပြောနေခဲ့ကြတယ် နောက်ပိုင်း အားမရတော့ ဗမာလိုပဲပြောကြတယ်။

ပြုံးရဲ့ အသံဟာ တကယ့် ကရုဏာရှင် ကြင်နာတရားရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံဆိုတာ စကားပြောမိကတည်းက ကျနော် သတိပြုမိတယ်။ နောက်ပိုင်း ပြုံးရဲ့အကြောင်းတွေကို ပိုသိလာတယ်။ ပြုံးဟာ ဗမာပြည်မှာ တရုတ် မိဘနှစ်ပါးက မွေးဖွားခဲ့တယ်။ မောင်နှမ လေးယောက် ရှိပြီး ကံဆိုးချင်တော့ အကိုအလတ်တစ်ယောက်ဟာ ရောဂါနဲ့ ဆုံးသွားရှာတယ်။(မှတ်ချက်။ နောက်ပိုင်း ပြုံးရဲ့ အကိုအလတ်ဘာကြောင့်ဆုံးသွားရသလဲ ဆိုတာကို အသေးစိတ်တင်ပြပါမယ်)ဒါပေမဲ့ ကျနော့် အမြင်တော့ ပြုံးဟာ ဗမာဆန်တယ်။ သူက ရန်ကုန်မှာနေဖူးတဲ့အတွက် ဗမာစကားကောင်းကောင်း နားလည်တယ်။ တခါတရံ သူ့ရဲ့ မပီကလာ ပီကလာ ဗမာလိုပြောတာ လေးတွေကြောင့် ပိုချစ်စရာကောင်းတယ်လို့ထင်တယ်။တခါတရံ သူပြောတာ မပီလို့ ကျနော် သဘောကျလို့ ရယ်တော့ ဘာရယ်တာလဲလို့ လှမ်းအော်တတ်တယ်။

ပြုံးဟာရိုးသားတယ်၊ ဖြူစင်တယ်၊ ပွင့်လင်းတယ် နောက်ပိုင်းမှာ သူ့ရဲ့ဓာတ်ပုံတွေ ပို့ပေးခဲ့တဲ့အတွက် ကျနော်သိတဲ့ ပြုံးဟာ ချောလည်း ချောပါလားလို့ သိလိုက်ရတယ်။

မကြာခဏ ကျနော်နဲ့ ပြုံး မနက်မိုးလင်းအထိ စကားပြောခဲ့တဲ့ရက်တွေလည်းမနည်းဘူး။

ဒါနဲ့ တယောက်အပေါ် တယောက် သံယောဇဉ်တွေ ပိုကြီးလာခဲ့တယ်။ ဒါနဲ့ ကျနော်က သူ့ကို ``ညီမလေး´´လို့ ချစ်စနိုးနဲ့ခေါ်လိုက်တယ်။ သူကလည်း ``အကိုကြီး´´လို့ခေါ်ဖြစ်တယ်။

ကျနော်တို့ရဲ့ ဘ၀ ဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အပြင်မှာတခါမှ မတွေ့ဖူးပေမဲ့ တယောက်ကို တယောက် သံယောဇဉ်ကြီးကြတယ်။ ပြုံးနဲ့ ကျနော် စကားမပြောရရင် မနေနိုင်လောက်အောင် ဖြစ်ခဲ့ကြတယ်။ ကျနော်က ညီမလေးကို မောင်နှမတွေလိုပဲ အမြဲနေချင်တယ်လို့ ပြောခဲ့တယ်။ အခုဆိုရင် ကျနော်တို့ရဲ့ သံယောဇဉ်နှောင်ကြိုးဟာ လေးနှစ်ကျော်လာခဲ့ပြီ ဒါပေမဲ့ ခိုင်မာနေဆဲပါ။တခါတရံ အလုပ်များနေလို့ စကားမပြောဖြစ်တာကလွဲ ရင် အမြဲ အီးမေးလ် အဆက်အသွယ်ရှိနေတယ်။ တယောက်ကိုတယောက် အမြဲသတိရ နေကြတယ်။

ကျနော်တို့ရဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး မကြာခဏ အတိတ်ဘ၀ဆိုတာကို စိတ်ဝင်စားမိတယ်။

ကျနော်တို့နှစ်ယောက် အခုလို သံယောဇဉ် ရှိနေတာဟာ အကြောင်းမဲ့တော့ မဟုတ်လောက်ဖူးလို့

မကြာမကြာ အတွေးဝင်မိတယ်။ အတိတ်ဘ၀က ပြုံးနဲ့ကျနော် အတူတူနေခဲ့တဲ့ ဘ၀တွေများရှိခဲ့လေမလားလို့ မမြင်နိုင်တဲ့ အတိတ်အကြောင်းတွေကို ပြန်ပြောင်းမြင်ချင်တဲ့စိတ်တွေဖြစ်ပေါ်ခဲ့တယ်။ အတိတ်ဘ၀က မောင်နှမတွေအဖြစ် နေခဲ့တာများ ရှိခဲ့လေမလား……….စတဲ့ နက်ရှိုင်းတဲ့ အတွေးတွေဝင်ခဲ့တယ်။

ကျနော် ညီမလေးကို ပိုသံယောဇဉ်ရှိတာက သူ ခဏ ခဏ ပြောပြလေ့ရှိတဲ့ သူ့အကိုသေဆုံးသွားတဲ့အကြောင်းရယ် နောက်ပြီး မကြာခဏ အကို့ကို အစားသောက်တွေကိုဂရုစိုက်ဖို့ပြောတာတွေရယ်ကြောင့်ပါ။ အခြားအကြောင်းတွေ အများကြီးရှိပါသေးတယ်။ ပြုံးဟာ ဆုံးသွားတဲ့အကိုအကြောင်းကို ပြောတိုင်း အမြဲ မျက်ရည်ကျတဲ့ အတွက် ပြုံးကိုကျနော်သနားမိတယ်။ ကျနော်တတ်နိုင်သမျှ ဖြေသိမ့်ပေးရင်း ကျနော်လည်း ပြုံးအတွက် မျှဝေခံစားမိတယ်၊ ကျနော် ကိုယ်တိုင် ၀မ်းနည်းမိတယ်။ ပြုံးရဲ့ ပွင့်လင်းရိုးသားမှုဟာ ကျနော့်အတွက် အဓိက သံယောဇဉ်တွယ်ရခြင်းရဲ့ အကြောင်းဆိုရင် မှားမယ်မထင်ပါဘူး။

…………………………………………………………..